10. အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
11. ထိုမျှမက ယခု ငါတို့အား ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိစေသော ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့သည် ဘုရားသခင်၌ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။
12. ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
13. တစ်နည်းကား ပညတ်တရားကိုမပေးမီကပင် အပြစ်သည် ဤလောက၌ရှိ၏။ သို့သော် ပညတ်တရားမရှိလျှင် အပြစ်ကို အပြစ်ဟု မှတ်ယူ၍မရ။