ရော​မ​ဩ​ဝါ​ဒ​စာ 5:1-6 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သော​ငါ​တို့​သည် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် ငြိမ်း​ချမ်း​မှု​ကို​ရ​ရှိ​ကြ​၏။

2. ယ​ခု ငါ​တို့​ရပ်​တည်​နေ​သော ဤ​ကျေး​ဇူး​တော်​ထဲ​သို့ ယုံ​ကြည်​ခြင်း​ကြောင့် ခ​ရစ်​တော်​အား​ဖြင့် တိုး​ဝင်​ခွင့်​ကို​လည်း ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ဆိုင်​သော​မျှော်​လင့်​ခြင်း​၌ ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ​၏။

3. ထို​မျှ​မ​က ဆင်း​ရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ​၏။ အ​ကြောင်း​မူ​ကား ဆင်း​ရဲ​ဒုက္ခ​သည် သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊

4. သည်း​ခံ​ခြင်း​သည် ပါ​ရ​မီ​ရင့်​ကျက်​ခြင်း​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​ရင့်​ကျက်​ခြင်း​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ဖြစ်​ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။

5. ထို​မျှော်​လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အ​ရှက်​ရ​စေ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ သွန်း​လောင်း​ခြင်း​ခံ​ရ​ပြီ​ဖြစ်​၏။

6. ငါ​တို့​အား​နည်း​လျက်​ရှိ​နေ​ကြ​စဉ် ခ​ရစ်​တော်​သည် အ​ချိန်​တန်​သည်​နှင့် ဘု​ရား​တ​ရား​မဲ့​သော​သူ​များ​အ​တွက် အ​သေ​ခံ​တော်​မူ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 5