ရော​မ​ဩ​ဝါ​ဒ​စာ 5:1-15 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သော​ငါ​တို့​သည် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် ငြိမ်း​ချမ်း​မှု​ကို​ရ​ရှိ​ကြ​၏။

2. ယ​ခု ငါ​တို့​ရပ်​တည်​နေ​သော ဤ​ကျေး​ဇူး​တော်​ထဲ​သို့ ယုံ​ကြည်​ခြင်း​ကြောင့် ခ​ရစ်​တော်​အား​ဖြင့် တိုး​ဝင်​ခွင့်​ကို​လည်း ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ဆိုင်​သော​မျှော်​လင့်​ခြင်း​၌ ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ​၏။

3. ထို​မျှ​မ​က ဆင်း​ရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ​၏။ အ​ကြောင်း​မူ​ကား ဆင်း​ရဲ​ဒုက္ခ​သည် သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊

4. သည်း​ခံ​ခြင်း​သည် ပါ​ရ​မီ​ရင့်​ကျက်​ခြင်း​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​ရင့်​ကျက်​ခြင်း​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ဖြစ်​ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။

5. ထို​မျှော်​လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အ​ရှက်​ရ​စေ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ သွန်း​လောင်း​ခြင်း​ခံ​ရ​ပြီ​ဖြစ်​၏။

6. ငါ​တို့​အား​နည်း​လျက်​ရှိ​နေ​ကြ​စဉ် ခ​ရစ်​တော်​သည် အ​ချိန်​တန်​သည်​နှင့် ဘု​ရား​တ​ရား​မဲ့​သော​သူ​များ​အ​တွက် အ​သေ​ခံ​တော်​မူ​၏။

7. အ​ကြောင်း​မှာ ဖြောင့်​မတ်​သော​သူ​အ​တွက် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ​၏။ သူ​တော်​ကောင်း​အ​တွက်​ကား အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​လိမ့်​မည်။

8. သို့​သော် ငါ​တို့​သည် အ​ပြစ်​သား​များ​ဖြစ်​ကြ​စဉ်​ပင် ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​ပေါ်​ထား​ရှိ​သော မိ​မိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်​ရှား​စေ​တော်​မူ​၏။

9. ထို့​ကြောင့် ယ​ခု​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သော​ငါ​တို့​သည် ကိုယ်​တော်​အား​ဖြင့် အ​မျက်​တော်​မှ ပို​၍​ပင် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

10. အ​ကြောင်း​မူ​ကား ရန်​သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​ခဲ့​လျှင် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အ​သက်​တော်​အား​ဖြင့် ပို​၍​ပင် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

11. ထို​မျှ​မ​က ယ​ခု ငါ​တို့​အား ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ကို​ရ​ရှိ​စေ​သော ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၌ ဂုဏ်​ယူ​ဝမ်း​မြောက်​လျက်​ရှိ​ကြ​၏။

12. ထို့​ကြောင့် တစ်​ယောက်​သော​သူ​အား​ဖြင့် အ​ပြစ်​တ​ရား​သည် ဤ​လော​က​ထဲ​သို့​ဝင်​လာ​၍ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား​ဝင်​လာ​သည်​နှင့်​အ​ညီ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ပြု​သ​ဖြင့် လူ​သား​အား​လုံး​အ​ပေါ်​၌ သေ​ခြင်း​တ​ရား​သက်​ရောက်​ခဲ့​၏။

13. တစ်​နည်း​ကား ပ​ညတ်​တ​ရား​ကို​မ​ပေး​မီ​က​ပင် အ​ပြစ်​သည် ဤ​လော​က​၌​ရှိ​၏။ သို့​သော် ပ​ညတ်​တ​ရား​မ​ရှိ​လျှင် အ​ပြစ်​ကို အ​ပြစ်​ဟု မှတ်​ယူ​၍​မ​ရ။

14. မည်​သို့​ပင်​ဖြစ်​စေ အာ​ဒံ​လက်​ထက်​မှ​စ​၍ မော​ရှေ​လက်​ထက်​တိုင်​အောင် သေ​ခြင်း​တ​ရား​သည် အာ​ဒံ​၏​ဖောက်​ဖျက်​ကျူး​လွန်​မှု​နှင့်​တူ​ညီ​သော​အ​ပြစ်​မျိုး​ကို မ​ပြု​သော​သူ​တို့​ကို​ပင် စိုး​မိုး​ခဲ့​၏။ အာ​ဒံ​သည် ကြွ​လာ​ရန်​ရှိ​သော​သူ​၏​ပုံ​ပ​မာ​ဖြစ်​၏။

15. သို့​ရာ​တွင် ဆု​ကျေး​ဇူး​သည် ကျူး​လွန်​သော​အ​ပြစ်​ကဲ့​သို့​မ​ဟုတ်​ပေ။ အ​ကြောင်း​မူ​ကား တစ်​ယောက်​သော​သူ​ကျူး​လွန်​သည့်​အ​ပြစ်​ကြောင့် များ​စွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော တစ်​ယောက်​သော​သူ​၏​ကျေး​ဇူး​တော်​အား​ဖြင့် သက်​ရောက်​သော​ကောင်း​ချီး​လက်​ဆောင်​သည် များ​စွာ​သော​လူ​တို့​၌ ပို​၍​ပင် ကြွယ်​ဝ​ပြည့်​စုံ​မည်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 5