ရော​မ​ဩ​ဝါ​ဒ​စာ 3:16-26 Myanmar Standard Bible (MSB)

16. သူ​တို့​သွား​ရာ​လမ်း​၌ ပျက်​စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ​ခြင်း​ရှိ​၍

17. သူ​တို့​သည် ငြိမ်း​ချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။

18. သူ​တို့​၏​မျက်​စိ​ရှေ့​တွင် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

19. ပ​ညတ်​တ​ရား​ဆို​ထား​သ​မျှ​တို့​သည် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​များ​အ​တွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤ​သည်​ကား နှုတ်​ရှိ​သ​မျှ​သည် ပိတ်​ထား​ခြင်း​ခံ​ရ​၍ လော​ကီ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​ခြင်း​လက်​အောက်​သို့ ကျ​ရောက်​ကြ​ရန်​ဖြစ်​၏။

20. သို့​ဖြစ်​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့် မည်​သူ​မျှ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​ဖြင့် အ​ပြစ်​အ​ကြောင်း​ကို​သိ​ရှိ​ရုံ​မျှ​သာ​ဖြစ်​၏။

21. သို့​ရာ​တွင် ယ​ခု​အ​ခါ​၌ ပ​ညတ်​တ​ရား​နှင့်​ပ​ရော​ဖက်​များ​သက်​သေ​ခံ​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​သည် ပ​ညတ်​တ​ရား​မ​ပါ​ဘဲ ထင်​ရှား​လေ​ပြီ။

22. ၎င်း​မှာ ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အ​ပေါ်​သက်​ရောက်​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်​သည့်​ခြား​နား​မှု​မျှ​မ​ရှိ။

23. အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ပြု​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့် အ​လှမ်း​ဝေး​ကြ​ပြီ။

24. သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ခ​ရစ်​တော်​ယေ​ရှု​၏​ရွေး​နုတ်​ခြင်း​အား​ဖြင့် အ​ဖိုး​အ​ခ​မ​ပေး​ရ​ဘဲ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

25. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ထင်​ရှား​စေ​ရန် ခ​ရစ်​တော်​ကို​ခန့်​ထား​၍ ယုံ​ကြည်​ခြင်း​အ​တွက် ခ​ရစ်​တော်​၏​သွေး​တော်​ကို အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​ဖြစ်​စေ​တော်​မူ​၏။ တစ်​နည်း​ဆို​သော် ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လွန်​ခဲ့​ပြီး​သော​အ​ပြစ်​များ​အ​တွက် အ​ပြစ်​မ​ယူ​ဘဲ​နေ​တော်​မူ​၏။

26. ဤ​သည်​ကား ယ​ခု​အ​ချိန်​အ​ခါ​၌ မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​ရန်​နှင့် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ယေ​ရှု​ကို​ယုံ​ကြည်​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​ရန်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 3