ရော​မ​ဩ​ဝါ​ဒ​စာ 3:1-14 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​၌ မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ရှိ​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​၌ မည်​သည့်​အ​ကျိုး​ရှိ​သ​နည်း။

2. အ​ဘက်​ဘက်​၌ အ​ကျိုး​များ​စွာ​ရှိ​၏။ ပ​ထ​မ​ဦး​စွာ သူ​တို့​၌ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​များ​ကို ယုံ​ကြည်​အပ်​နှံ​ထား​တော်​မူ​၏။

3. ထို​သို့​ဆို​လျှင် သူ​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ​ပါ​က မည်​သို့​ဖြစ်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့် ပျက်​ပြယ်​သွား​မည်​လော။

4. လုံး​ဝ​မ​ပျက်​ပြယ်​နိုင်​ရာ။ “ကိုယ်​တော်​သည် မိ​မိ​မိန့်​တော်​မူ​သော​စ​ကား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၍ တ​ရား​ဆိုင်​တော်​မူ​သော​အ​ခါ အောင်​မြင်​မည့်​အ​ကြောင်း​တည်း”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း လူ​ခပ်​သိမ်း​သည် လိမ်​လည်​သော​သူ​ဖြစ်​သော်​လည်း ဘု​ရား​သ​ခင်​သည် ဖြောင့်​မှန်​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​စေ​သော။

5. သို့​ရာ​တွင် ငါ​တို့​၏​မ​တ​ရား​မှု​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ လူ​သား​တစ်​ဦး​အ​နေ​ဖြင့်​ငါ​ဆို​သော် အ​မျက်​တော်​ကို​သက်​ရောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မ​ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​သ​လော။

6. လုံး​ဝ​မ​ဟုတ်​ပေ။ ဟုတ်​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည် ဤ​လော​က​ကို မည်​သို့​တ​ရား​စီ​ရင်​တော်​မူ​မည်​နည်း။

7. သို့​သော် ငါ​၏​လိမ်​လည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​အ​ဖြစ်​သို့ တိုး​ပွား​လျှင် ငါ​သည် အ​ဘယ်​ကြောင့် အ​ပြစ်​သား​တစ်​ဦး​အ​ဖြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​သေး​သ​နည်း။

8. “ကောင်း​ကျိုး​သက်​ရောက်​စေ​ရန် မ​ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့”​ဟု ဆို​၍​မ​ရ​နိုင်​သ​လော။ လူ​အ​ချို့​တို့​က ထို​ကဲ့​သို့​ငါ​တို့​ပြော​ဆို​နေ​သည်​ဟု​ဆို​လျက် ငါ​တို့​ကို စော်​ကား​ပြော​ဆို​ကြ​၏။ ထို​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ကြ​၏။

9. သို့​ဖြစ်​လျှင် မည်​သို့​နည်း။ ငါ​တို့​သည် သာ​၍​ကောင်း​မြတ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​တ​ရား​အောက်​၌​ရှိ​ကြောင်း အ​ထက်​က ငါ​တို့​ထောက်​ပြ​ခဲ့​ပြီ။

10. ဤ​သည်​ကား “ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။

11. တတ်​သိ​နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ​မ​ရှိ။

12. လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​၍ တ​ညီ​တ​ညွတ်​တည်း​အ​သုံး​မ​ကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။

13. သူ​တို့​၏​လည်​ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​လျှာ​ဖြင့် လိမ်​လည်​ပြော​ဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်​ခမ်း​အောက်​၌ မြွေ​ဆိုး​၏​အ​ဆိပ်​အ​တောက်​ရှိ​၏။

14. သူ​တို့​၏​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ခါး​သီး​သော​စ​ကား​တို့​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 3