ရော​မ​ဩ​ဝါ​ဒ​စာ 2:23-29 Myanmar Standard Bible (MSB)

23. ပ​ညတ်​တ​ရား​၌​ဝါ​ကြွား​လျက်​ပင် သင်​ကိုယ်​တိုင်​ပ​ညတ်​တ​ရား​ကို​ဖောက်​ဖျက်​ကျူး​လွန်​ခြင်း​ဖြင့် ဘု​ရား​သ​ခင်​ကို​မ​ထီ​လေး​စား​ပြု​ရ​သ​လော။

24. ဤ​သည်​ကား “ဘု​ရား​သ​ခင်​၏​နာ​မ​တော်​သည် သင်​တို့​ကြောင့် လူ​မျိုး​ခြား​တို့​တွင် စော်​ကား​ပြော​ဆို​ခြင်း​ကို​ခံ​ရ​လျက်​ရှိ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

25. သင်​သည် ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​လျှင် အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​မှန်​ပင်​အ​ကျိုး​ရှိ​၏။ သို့​သော် သင်​သည် ပ​ညတ်​တ​ရား​ကို​ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​ပါ​က သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။

26. ထို့​ကြောင့် အ​ရေ​ဖျား​မ​လှီး​သော​သူ​သည် ပ​ညတ်​တ​ရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်​ထိန်း​လျှင် သူ​၏​အ​ရေ​ဖျား​မ​လှီး​ခြင်း​သည် အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။

27. ထို​အ​ခါ ကိုယ်​ခန္ဓာ​တွင် အ​ရေ​ဖျား​မ​လှီး​ထား​သော်​လည်း ပ​ညတ်​တ​ရား​ကို အ​ပြည့်​အ​ဝ​စောင့်​ထိန်း​သော​သူ​သည် အက္ခ​ရာ​တင်​ထား​သော​တ​ရား​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို​ဖောက်​ဖျက်​ကျူး​လွန်​သော​သင့်​ကို စီ​ရင်​လိမ့်​မည်။

28. တစ်​နည်း​ဆို​သော် အ​ပြင်​ပန်း​အား​ဖြင့် ဂျူး​လူ​မျိုး​ဖြစ်​သော​သူ​သည် ဂျူး​လူ​မျိုး​အ​စစ်​အ​မှန်​မ​ဟုတ်။ အ​ပြင်​ပန်း​အား​ဖြင့် ကိုယ်​ကာ​ယ​၌​ခံ​ယူ​သော​အ​ရေ​ဖျား​လှီး​ခြင်း​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​အ​စစ်​အ​မှန်​မ​ဟုတ်။

29. အ​တွင်း​သ​ဘော​အား​ဖြင့် ဂျူး​လူ​မျိုး​ဖြစ်​သော​သူ​သာ​လျှင် ဂျူး​လူ​မျိုး​အ​စစ်​အ​မှန်​ဖြစ်​ပြီး အက္ခ​ရာ​တင်​ထား​သော​တ​ရား​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖြစ်​သော စိတ်​နှ​လုံး​၏​အ​ရေ​ဖျား​လှီး​ခြင်း​ပင် အ​ရေ​ဖျား​လှီး​ခြင်း​အ​စစ်​အ​မှန်​ဖြစ်​၏။ ထို​သို့​သော​သူ​သည် လူ​တို့​ထံ​မှ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 2