19. ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊
20. မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင်
21. သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။
22. အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
23. ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။
24. ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူမျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
25. သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။
26. ထို့ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။
27. ထိုအခါ ကိုယ်ခန္ဓာတွင် အရေဖျားမလှီးထားသော်လည်း ပညတ်တရားကို အပြည့်အဝစောင့်ထိန်းသောသူသည် အက္ခရာတင်ထားသောတရားနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သောသင့်ကို စီရင်လိမ့်မည်။
28. တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင်ပန်းအားဖြင့် ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအစစ်အမှန်မဟုတ်။
29. အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။