ရော​မ​ဩ​ဝါ​ဒ​စာ 2:13-21 Myanmar Standard Bible (MSB)

13. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​ကို​ကြား​နာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​ကြ​သည်​မ​ဟုတ်။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​သော​သူ​တို့​သာ​လျှင် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

14. ပ​ညတ်​တ​ရား​မ​ရှိ​သော​လူ​မျိုး​ခြား​တို့​သည် ပ​ညတ်​တ​ရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို အ​လို​အ​လျောက်​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ သူ​တို့​၌​ပ​ညတ်​တ​ရား​မ​ရှိ​သော်​လည်း သူ​တို့​ကိုယ်​တိုင်​သည် မိ​မိ​တို့​အ​တွက် ပ​ညတ်​တ​ရား​ဖြစ်​ကြ​ပြီး

15. မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ​၌​ရေး​ထား​သည့် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​ကို ပြ​သ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​အ​သိ​စိတ်​သည်​လည်း အ​တူ​တ​ကွ​သက်​သေ​ခံ​၍ သူ​တို့​၏​စဉ်း​စား​ဆင်​ခြင်​မှု​တို့​သည် အ​ချင်း​ချင်း​စွပ်​စွဲ​တစ်​ခါ ကာ​ကွယ်​တစ်​လှည့်​ပြု​နေ​ကြ​၏။

16. ဤ​အ​မှု​အ​ရာ​များ​သည် ငါ​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​အ​ရ လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကျင့်​အ​ကြံ​တို့​ကို ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​စစ်​ဆေး​စီ​ရင်​တော်​မူ​သော​နေ့​၌ ဖြစ်​လိမ့်​မည်။

17. အ​ကယ်​၍ သင်​သည် မိ​မိ​ကိုယ်​ကို​ဂျူး​လူ​မျိုး​ဟု​ခေါ်​လျက်၊ ပ​ညတ်​တ​ရား​ကို​ကိုး​စား​လျက်၊ ဘု​ရား​သ​ခင်​၌​ဝါ​ကြွား​လျက်၊

18. အ​လို​တော်​ကို​သိ​လျက်၊ ပ​ညတ်​တ​ရား​၏​သွန်​သင်​မှု​ကို ခံ​ယူ​ပြီး​ဖြစ်​သော​ကြောင့် မြင့်​မြတ်​သော​အ​ရာ​များ​ကို ပိုင်း​ခြား​သိ​ရှိ​လျက်

19. ပ​ညတ်​တ​ရား​အား​ဖြင့် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​တို့​၏​အ​နှစ်​သာ​ရ​ကို ရ​ရှိ​ထား​သည်​ဖြစ်​၍ မိ​မိ​ကိုယ်​ကို မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင်​ထဲ​၌​နေ​သော​သူ​တို့​အ​တွက်​အ​လင်း၊

20. မိုက်​မဲ​သော​သူ​တို့​ကို​ဆုံး​မ​ပဲ့​ပြင်​သူ၊ က​လေး​သူ​ငယ်​များ​၏​ဆ​ရာ​ဖြစ်​သည်​ဟု ယုံ​ကြည်​စိတ်​ချ​လျှင်

21. သူ​တစ်​ပါး​ကို​သွန်​သင်​လျက်​ပင် သင့်​ကိုယ်​သင်​မ​သွန်​သင်​သ​လော။ မ​ခိုး​ယူ​ရ​ဟု​ဟော​ပြော​လျက်​ပင် သင်​ကိုယ်​တိုင်​ခိုး​ယူ​ရ​သ​လော။

ရော​မ​ဩ​ဝါ​ဒ​စာ 2