5. သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
6. သင်တို့အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။
7. ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။
8. သခင်ဘုရား၌ ငါချစ်သောအမ္ပလိကို နှုတ်ဆက်ပေးကြလော့။
9. ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
10. ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
11. ငါ၏အမျိုးသားချင်းဟေရောဒီအုံကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌ရှိသော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
12. သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
13. သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။
14. အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမမှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုများကို နှုတ်ဆက်ပေးကြလော့။
15. ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။