3. ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
4. သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
5. သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
6. သင်တို့အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။
7. ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။