ရော​မ​ဩ​ဝါ​ဒ​စာ 16:1-17 Myanmar Standard Bible (MSB)

1. ကင်​ခြေ​မြို့​ရှိ​အ​သင်း​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှ​မ ဖိ​ဗေ​ကို သင်​တို့​ထံ မိတ်​ဆက်​အပ်​နှံ​လို​ပါ​၏။

2. သန့်​ရှင်း​သူ​များ​ပြု​သင့်​သည့်​အ​တိုင်း သ​ခင်​ဘု​ရား​၌ သူ့​ကို​လက်​ခံ​၍ သင်​တို့​ထံ​မှ သူ​လို​အပ်​သ​မျှ​သော​အ​ရာ​ကို ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လော့။ အ​မှန်​စင်​စစ် သူ​သည် ငါ​ကိုယ်​တိုင်​မှ​စ​၍ များ​စွာ​သော​သူ​တို့​ကို ကူ​ညီ​ခဲ့​သူ​ဖြစ်​၏။

3. ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

4. သူ​တို့​သည် ငါ့​အ​သက်​ကို လည်​စင်း​ခံ​၍​စောင့်​ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်​ဦး​တည်း​သာ​မ​က လူ​မျိုး​ခြား​တို့​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေး​ဇူး​တင်​လျက်​ရှိ​ကြ​၏။

5. သူ​တို့​အိမ်​၌​ရှိ​သော​အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရှ​ပြည်​တွင် ခ​ရစ်​တော်​အ​တွက်​အ​သီး​ဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

6. သင်​တို့​အ​တွက် အ​လွန်​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ မာ​ရိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

7. ငါ​၏​အ​မျိုး​သား​ချင်း​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သူ အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တ​မန်​တော်​များ​ကြား​တွင် ထင်​ပေါ်​ကျော်​ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အ​လျင်​ဦး​စွာ ခ​ရစ်​တော်​ကို​ယုံ​ကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။

8. သ​ခင်​ဘု​ရား​၌ ငါ​ချစ်​သော​အမ္ပ​လိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

9. ခ​ရစ်​တော်​၌ ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက်​ဥ​ရ​ဗန်​နှင့် ငါ​ချစ်​သော​သ​တာ​ခု​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

10. ခ​ရစ်​တော်​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ အ​ပေ​လေ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရိတ္တော​ဗု​လု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

11. ငါ​၏​အ​မျိုး​သား​ချင်း​ဟေ​ရော​ဒီ​အုံ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​ရှိ​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

12. သ​ခင်​ဘု​ရား​၌​ကြိုး​စား​လုပ်​ဆောင်​နေ​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ ငါ​ချစ်​သော​ပေ​ရ​သိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

13. သ​ခင်​ဘု​ရား​၌​ရွေး​ကောက်​ခံ​ရ​သော​သူ ရု​ဖု​နှင့် ငါ​၏​မိ​ခင်​လည်း​ဖြစ်​သော သူ့​မိ​ခင်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

14. အ​သုံ​က​ရိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မေ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​များ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

15. ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​နှင့် ဩ​လုမ္ပ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

16. အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

17. ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ပြီး​သော​သွန်​သင်​ချက်​ကို​ဆန့်​ကျင်​၍ ကွဲ​ပြား​ခြင်း​နှင့်​မှား​ယွင်း​ခြင်း​တို့​ကို ဖြစ်​ပွား​စေ​သော​သူ​တို့​ကို​သ​တိ​ပြု​လျက် ရှောင်​ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 16