ရော​မ​ဩ​ဝါ​ဒ​စာ 15:8-20 Myanmar Standard Bible (MSB)

8. တစ်​ဖန် ငါ​ဆို​သည်​ကား ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​ကို​ထင်​ရှား​စေ​ရန် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​စေ​ခံ​ဖြစ်​တော်​မူ​၏။ ထို​သို့​ဖြစ်​တော်​မူ​ခြင်း​မှာ ရှေး​ဘိုး​ဘေး​တို့​အား ပေး​ထား​သော​က​တိ​တော်​တို့​ကို တည်​မြဲ​စေ​ရန်​နှင့်

9. လူ​မျိုး​ခြား​တို့​သည်​လည်း က​ရု​ဏာ​တော်​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​ဖြစ်​၏။ ဤ​သည်​ကား ကျမ်း​စာ​၌ “ထို့​ကြောင့် အ​ကျွန်ုပ်​သည် လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​၍ ကိုယ်​တော်​၏​နာ​မ​တော်​ကို ချီး​မွမ်း​သီ​ဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

10. တစ်​ဖန် “လူ​မျိုး​ခြား​တို့၊ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့”​ဟု ဆို​ထား​၏။

11. ထို့​နောက် တစ်​ဖန် “လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​ကြ​လော့။ လူ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ချီး​မွမ်း​ကြ​လော့”​ဟု ဆို​ထား​၏။

12. တစ်​ဖန် ဟေ​ရှာ​ယ​က​လည်း “ယေ​ရှဲ​၏​အ​မြစ်​ပေါက်​လိမ့်​မည်။ ထို​သူ​သည် လူ​မျိုး​ခြား​တို့​ကို​အုပ်​ချုပ်​ရန် ပေါ်​ထွန်း​သော​သူ​ဖြစ်​၏။ လူ​မျိုး​ခြား​တို့​သည် သူ့​ကို​မျှော်​လင့်​အား​ထား​ကြ​လိမ့်​မည်”​ဟု ဆို​ထား​၏။

13. သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​နှင့်​ကြွယ်​ဝ​မည့်​အ​ကြောင်း မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​မှ​လာ​သော ဝမ်း​မြောက်​ခြင်း​နှင့်​ငြိမ်​သက်​ခြင်း​အ​လုံး​စုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်​စုံ​စေ​တော်​မူ​ပါ​စေ​သော။

14. ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင် ကောင်း​မြတ်​ခြင်း​နှင့်​ပြည့်​ဝ​လျက် အ​သိ​ပ​ညာ​အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​ကာ အ​ချင်း​ချင်း​ကို​သ​တိ​ပေး​ဆုံး​မ​နိုင်​ကြ​သည်​ဟု သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​ယုံ​ကြည်​စိတ်​ချ​၏။

17. သို့​ဖြစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​၏။

18. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​နာ​ခံ​မှု​ရှိ​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​အ​သုံး​ပြု​၍ တ​ရား​စ​ကား​နှင့်​လုပ်​ဆောင်​မှု​အား​ဖြင့်​လည်း​ကောင်း၊

19. နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​၏​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​မှ​အ​ပ ငါ​သည် မည်​သည့်​အ​ရာ​ကို​မျှ အ​ရဲ​စွန့်​၍​မ​ပြော​လို​ပေ။ ဤ​သို့​ဖြင့် ငါ​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​သွား​ကာ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို စုံ​လင်​စွာ​ဟော​ပြော​ခဲ့​၏။

20. ထို​သို့​ဟော​ပြော​ရာ​၌ ငါ​သည် သူ​တစ်​ပါး​၏​အုတ်​မြစ်​ပေါ်​တွင် တည်​ဆောက်​ခြင်း​မ​ပြု​မည့်​အ​ကြောင်း ခ​ရစ်​တော်​၏​နာ​မ​ကို ကြား​သိ​ခြင်း​မ​ရှိ​သေး​သော​အ​ရပ်​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရန် ရည်​မှန်း​ကြိုး​စား​လာ​ခဲ့​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 15