ရော​မ​ဩ​ဝါ​ဒ​စာ 15:23-32 Myanmar Standard Bible (MSB)

23. ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

24. စ​ပိန်​ပြည်​သို့ ငါ​သွား​သော​အ​ခါ သင်​တို့​ကို လမ်း​ကြုံ​ဝင်​တွေ့​၍ အ​တော်​အ​တန်​အ​လို​ဆန္ဒ​ပြည့်​စုံ​အောင် သင်​တို့​နှင့်​အ​တူ​နေ​ပြီး​မှ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

25. သို့​သော် ယ​ခု ငါ​သည် သန့်​ရှင်း​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​ရ​မည်။

26. အ​ဘယ်​ကြောင့်​ဆို​သော် မာ​ကေ​ဒေါ​နိ​ပြည်​သား​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော သန့်​ရှင်း​သူ​များ​ထဲ​မှ ဆင်း​ရဲ​သော​သူ​တို့​ကို ကူ​ညီ​ပံ့​ပိုး​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

27. သူ​တို့​သည် စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​မှန်​သ​ကဲ့​သို့ ထို​သူ​တို့​အ​ပေါ် အ​ကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​သည် ထို​သူ​တို့​၏​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို မျှ​ဝေ​ခံ​ယူ​ကြ​ရ​သည်​ဆို​လျှင် ရုပ်​ဝတ္ထု​နှင့်​ဆိုင်​သော​အ​ရာ​များ​အား​ဖြင့် သူ​တို့​၏​အ​မှု​ကို ဆောင်​ရွက်​ပေး​သင့်​၏။

28. ထို့​ကြောင့် ငါ​သည် ဤ​အ​မှု​ကိစ္စ​ကို ပြီး​စီး​အောင်​ဆောင်​ရွက်​၍ ဤ​အ​လှူ​ပစ္စည်း​ကို သူ​တို့​အား သေ​ချာ​စွာ​အပ်​နှင်း​ပြီး​မှ သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် စ​ပိန်​ပြည်​သို့​သွား​မည်။

29. သင်​တို့​ထံ​သို့ ငါ​လာ​သော​အ​ခါ ခ​ရစ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​အ​ပြည့်​အ​စုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။

30. ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​နှင့် ဝိ​ညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် သင်​တို့​အား ငါ​တောင်း​ပန်​လို​သည်​မှာ

31. ငါ​သည် ယု​ဒ​ပြည်​ရှိ မ​ယုံ​ကြည်​သူ​တို့​၏​လက်​မှ ကယ်​နုတ်​ခြင်း​ခံ​ရ​ပြီး ဂျေ​ရု​ဆ​လင်​မြို့​အ​တွက် ငါ​ဆောင်​ရွက်​သော​အ​မှု​သည် သန့်​ရှင်း​သူ​များ​ရှေ့​တွင် နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​သ​ဖြင့်

32. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ထံ​သို့​ငါ​လာ​၍ သင်​တို့​နှင့်​အ​တူ နှစ်​သိမ့်​သက်​သာ​ခြင်း​ကို​ခံ​စား​နိုင်​မည့်​အ​ကြောင်း ငါ​နှင့်​အ​တူ​ကြိုး​စား​အား​ထုတ်​၍ ငါ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 15