ရော​မ​ဩ​ဝါ​ဒ​စာ 15:23-26 Myanmar Standard Bible (MSB)

23. ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

24. စ​ပိန်​ပြည်​သို့ ငါ​သွား​သော​အ​ခါ သင်​တို့​ကို လမ်း​ကြုံ​ဝင်​တွေ့​၍ အ​တော်​အ​တန်​အ​လို​ဆန္ဒ​ပြည့်​စုံ​အောင် သင်​တို့​နှင့်​အ​တူ​နေ​ပြီး​မှ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

25. သို့​သော် ယ​ခု ငါ​သည် သန့်​ရှင်း​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​ရ​မည်။

26. အ​ဘယ်​ကြောင့်​ဆို​သော် မာ​ကေ​ဒေါ​နိ​ပြည်​သား​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော သန့်​ရှင်း​သူ​များ​ထဲ​မှ ဆင်း​ရဲ​သော​သူ​တို့​ကို ကူ​ညီ​ပံ့​ပိုး​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 15