ရော​မ​ဩ​ဝါ​ဒ​စာ 15:21-28 Myanmar Standard Bible (MSB)

21. ဤ​သည်​ကား “ကိုယ်​တော်​၏​အ​ကြောင်း​ကို​ဖော်​ပြ​ခြင်း​မ​ခံ​ရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌ ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

22. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံ​သို့​မ​လာ​ရန် အ​ဖန်​ဖန်​တား​ဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်​လည်း

23. ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

24. စ​ပိန်​ပြည်​သို့ ငါ​သွား​သော​အ​ခါ သင်​တို့​ကို လမ်း​ကြုံ​ဝင်​တွေ့​၍ အ​တော်​အ​တန်​အ​လို​ဆန္ဒ​ပြည့်​စုံ​အောင် သင်​တို့​နှင့်​အ​တူ​နေ​ပြီး​မှ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

25. သို့​သော် ယ​ခု ငါ​သည် သန့်​ရှင်း​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​ရ​မည်။

26. အ​ဘယ်​ကြောင့်​ဆို​သော် မာ​ကေ​ဒေါ​နိ​ပြည်​သား​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော သန့်​ရှင်း​သူ​များ​ထဲ​မှ ဆင်း​ရဲ​သော​သူ​တို့​ကို ကူ​ညီ​ပံ့​ပိုး​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

27. သူ​တို့​သည် စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​မှန်​သ​ကဲ့​သို့ ထို​သူ​တို့​အ​ပေါ် အ​ကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​သည် ထို​သူ​တို့​၏​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို မျှ​ဝေ​ခံ​ယူ​ကြ​ရ​သည်​ဆို​လျှင် ရုပ်​ဝတ္ထု​နှင့်​ဆိုင်​သော​အ​ရာ​များ​အား​ဖြင့် သူ​တို့​၏​အ​မှု​ကို ဆောင်​ရွက်​ပေး​သင့်​၏။

28. ထို့​ကြောင့် ငါ​သည် ဤ​အ​မှု​ကိစ္စ​ကို ပြီး​စီး​အောင်​ဆောင်​ရွက်​၍ ဤ​အ​လှူ​ပစ္စည်း​ကို သူ​တို့​အား သေ​ချာ​စွာ​အပ်​နှင်း​ပြီး​မှ သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် စ​ပိန်​ပြည်​သို့​သွား​မည်။

ရော​မ​ဩ​ဝါ​ဒ​စာ 15