ရော​မ​ဩ​ဝါ​ဒ​စာ 15:15-16-26 Myanmar Standard Bible (MSB)

2. ငါ​တို့​အ​သီး​သီး​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​တည်​ဆောက်​မြှင့်​တင်​ပေး​ရန် သူ​၏​ကောင်း​ကျိုး​ကို​ထောက်​၍ သူ့​ကို​နှစ်​သက်​စေ​ရ​မည်။

3. အ​ဘယ်​ကြောင့်​ဆို​သော် “ကိုယ်​တော်​ကို​ကဲ့​ရဲ့​ပြစ်​တင်​သော​သူ​တို့​၏​ကဲ့​ရဲ့​ပြစ်​တင်​သော​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ကျ​ရောက်​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​ပင်​လျှင် မိ​မိ​နှစ်​သက်​သည့်​အ​တိုင်း​ပြု​တော်​မ​မူ​ခဲ့​ပေ။

4. အ​ကြောင်း​မူ​ကား ရှေး​အ​ခါ​က​ရေး​ထား​သ​မျှ​သော​အ​ရာ​သည် ငါ​တို့​ကို​သွန်​သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်း​စာ​၌​ပါ​သော သည်း​ခံ​ခြင်း​နှင့် နှစ်​သိမ့်​ခြင်း​အား​ဖြင့် ငါ​တို့​၌ မျှော်​လင့်​ခြင်း​ရှိ​စေ​ရန်​ဖြစ်​၏။

7. ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အ​တွက် သင်​တို့​ကို​လက်​ခံ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း တစ်​ဦး​ကို​တစ်​ဦး​လက်​ခံ​ကြ​လော့။

8. တစ်​ဖန် ငါ​ဆို​သည်​ကား ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​ကို​ထင်​ရှား​စေ​ရန် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​စေ​ခံ​ဖြစ်​တော်​မူ​၏။ ထို​သို့​ဖြစ်​တော်​မူ​ခြင်း​မှာ ရှေး​ဘိုး​ဘေး​တို့​အား ပေး​ထား​သော​က​တိ​တော်​တို့​ကို တည်​မြဲ​စေ​ရန်​နှင့်

9. လူ​မျိုး​ခြား​တို့​သည်​လည်း က​ရု​ဏာ​တော်​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​ဖြစ်​၏။ ဤ​သည်​ကား ကျမ်း​စာ​၌ “ထို့​ကြောင့် အ​ကျွန်ုပ်​သည် လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​၍ ကိုယ်​တော်​၏​နာ​မ​တော်​ကို ချီး​မွမ်း​သီ​ဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

15-16. သို့​သော် လူ​မျိုး​ခြား​တို့​အ​တွက် ငါ့​ကို​ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ်​စေ​၍ ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​စေ​ပြီး ထို​လူ​မျိုး​ခြား​တို့​ကို​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သည့်​နှစ်​သက်​လက်​ခံ​ဖွယ်​ပူ​ဇော်​သက္ကာ​ဖြစ်​စေ​ရန် ငါ့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ကို တစ်​ဖန်​သ​တိ​ပေး​ရန် တ​ချို့​အ​ပိုင်း​၌ ငါ​ရဲ​ဝံ့​စွာ ရေး​ခဲ့​၏။

17. သို့​ဖြစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​၏။

18. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​နာ​ခံ​မှု​ရှိ​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​အ​သုံး​ပြု​၍ တ​ရား​စ​ကား​နှင့်​လုပ်​ဆောင်​မှု​အား​ဖြင့်​လည်း​ကောင်း၊

19. နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​၏​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​မှ​အ​ပ ငါ​သည် မည်​သည့်​အ​ရာ​ကို​မျှ အ​ရဲ​စွန့်​၍​မ​ပြော​လို​ပေ။ ဤ​သို့​ဖြင့် ငါ​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​သွား​ကာ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို စုံ​လင်​စွာ​ဟော​ပြော​ခဲ့​၏။

20. ထို​သို့​ဟော​ပြော​ရာ​၌ ငါ​သည် သူ​တစ်​ပါး​၏​အုတ်​မြစ်​ပေါ်​တွင် တည်​ဆောက်​ခြင်း​မ​ပြု​မည့်​အ​ကြောင်း ခ​ရစ်​တော်​၏​နာ​မ​ကို ကြား​သိ​ခြင်း​မ​ရှိ​သေး​သော​အ​ရပ်​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရန် ရည်​မှန်း​ကြိုး​စား​လာ​ခဲ့​၏။

21. ဤ​သည်​ကား “ကိုယ်​တော်​၏​အ​ကြောင်း​ကို​ဖော်​ပြ​ခြင်း​မ​ခံ​ရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌ ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

22. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံ​သို့​မ​လာ​ရန် အ​ဖန်​ဖန်​တား​ဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်​လည်း

23. ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

24. စ​ပိန်​ပြည်​သို့ ငါ​သွား​သော​အ​ခါ သင်​တို့​ကို လမ်း​ကြုံ​ဝင်​တွေ့​၍ အ​တော်​အ​တန်​အ​လို​ဆန္ဒ​ပြည့်​စုံ​အောင် သင်​တို့​နှင့်​အ​တူ​နေ​ပြီး​မှ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

25. သို့​သော် ယ​ခု ငါ​သည် သန့်​ရှင်း​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​ရ​မည်။

26. အ​ဘယ်​ကြောင့်​ဆို​သော် မာ​ကေ​ဒေါ​နိ​ပြည်​သား​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော သန့်​ရှင်း​သူ​များ​ထဲ​မှ ဆင်း​ရဲ​သော​သူ​တို့​ကို ကူ​ညီ​ပံ့​ပိုး​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 15