1. သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
2. ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။
3. အဘယ်ကြောင့်ဆိုသော် “ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ ကျရောက်ပါ၏”ဟု ကျမ်းစာ၌ရေးထားသည်နှင့်အညီ ခရစ်တော်ပင်လျှင် မိမိနှစ်သက်သည့်အတိုင်းပြုတော်မမူခဲ့ပေ။
4. အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
15-16. သို့သော် လူမျိုးခြားတို့အတွက် ငါ့ကိုခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းဆောင်သူဖြစ်စေ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်စေပြီး ထိုလူမျိုးခြားတို့ကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းခံရသည့်နှစ်သက်လက်ခံဖွယ်ပူဇော်သက္ကာဖြစ်စေရန် ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ကို တစ်ဖန်သတိပေးရန် တချို့အပိုင်း၌ ငါရဲဝံ့စွာ ရေးခဲ့၏။