ရော​မ​ဩ​ဝါ​ဒ​စာ 14:12-21 Myanmar Standard Bible (MSB)

12. သို့​ဖြစ်​၍ ငါ​တို့​တစ်​ဦး​စီ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိ​မိ​အ​ကြောင်း​ကို မိ​မိ​ဖြေ​ရှင်း​ရ​လိမ့်​မည်။

13. ထို့​ကြောင့် ငါ​တို့​သည် နောက်​ထပ် အ​ချင်း​ချင်း​မ​စီ​ရင်​ဘဲ​နေ​ကြ​ကုန်​စို့။ ထို​မျှ​မ​က ညီ​အစ်​ကို​အ​တွက် ခ​လုတ်​တံ​သင်း သို့​မ​ဟုတ် မှား​ယွင်း​စေ​သော​အ​ရာ​ကို​မ​ထား​ရန် စီ​ရင်​ကြ​လော့။

14. ပ​က​တိ​အ​လျောက် မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု သ​ခင်​ယေ​ရှု​၌ ငါ​အ​မှန်​သိ​လျက် ယုံ​ကြည်​စိတ်​ချ​၏။ သို့​သော် တစ်​စုံ​တစ်​ရာ​ကို​မ​စင်​ကြယ်​ဟု မှတ်​ယူ​သော​သူ​အ​တွက် ထို​အ​ရာ​သည်​မ​စင်​ကြယ်။

15. အ​စား​အ​စာ​ကြောင့် သင်​၏​ညီ​အစ်​ကို​ကို ဝမ်း​နည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခ​ရစ်​တော်​က ကိုယ်​စား​အ​သေ​ခံ​ပေး​တော်​မူ​သော သင့်​ညီ​အစ်​ကို​ကို သင်​၏​အ​စား​အ​စာ​ကြောင့် မ​ပျက်​စီး​စေ​နှင့်။

16. သင်​တို့​အ​တွက်​ကောင်း​သော​အ​ရာ​ကို​လည်း ပြစ်​တင်​ပြော​ဆို​စ​ရာ​မ​ဖြစ်​စေ​ကြ​နှင့်။

17. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ခံ​စား​ရ​သော ငြိမ်​သက်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့် ဝမ်း​မြောက်​ခြင်း​ဖြစ်​၏။

18. ထို့​ကြောင့် ဤ​နည်း​ဖြင့် ခ​ရစ်​တော်​ကို​အ​စေ​ခံ​သော​သူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​ဖြစ်​၏။

19. သို့​ဖြစ်​၍ ငြိမ်​သက်​ခြင်း​ကို​ဖြစ်​စေ​သော​အ​မှု​အ​ရာ​များ​နှင့် အ​ချင်း​ချင်း​တည်​ဆောက်​မြှင့်​တင်​ပေး​သော​အ​မှု​အ​ရာ​များ​ကို ကြိုး​စား​ပြု​ကြ​ကုန်​စို့။

20. အ​စား​အ​စာ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို မ​ဖျက်​ဆီး​နှင့်။ အ​မှန်​စင်​စစ် အ​ရာ​ခပ်​သိမ်း​တို့​သည် စင်​ကြယ်​၏။ သို့​သော် တစ်​စုံ​တစ်​ဦး​၏​စား​သုံး​ခြင်း​သည် သူ​တစ်​ပါး​အ​တွက်​ခ​လုတ်​တံ​သင်း​ဖြစ်​လျှင် ထို​အ​မှု​အ​ရာ​သည် အ​ပြစ်​ဖြစ်​၏။

21. အ​သား​ကို​မ​စား၊ စ​ပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီ​အစ်​ကို​အား ခ​လုတ်​တိုက်​စေ​သော​အ​ရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 14