ရော​မ​ဩ​ဝါ​ဒ​စာ 14:1-16 Myanmar Standard Bible (MSB)

1. ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​ကို လက်​ခံ​ကြ​လော့။ သူ​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို မ​ဝေ​ဖန်​ကြ​နှင့်။

2. အ​ချို့​သော​သူ​သည် အ​စား​အ​စာ​အား​လုံး​ကို​စား​၍​ရ​သည်​ဟု ယုံ​ကြည်​၏။ အား​နည်း​သော​သူ​မူ​ကား ဟင်း​သီး​ဟင်း​ရွက်​ကို​သာ​စား​၏။

3. စား​သော​သူ​သည် မ​စား​သော​သူ​ကို​မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီ​ရင်​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။

4. သင်​သည် မည်​သူ​ဖြစ်​၍ သူ​တစ်​ပါး​၏​အ​စေ​ခံ​ကို စီ​ရင်​သ​နည်း။ ထို​သူ​ရပ်​သည်​ဖြစ်​စေ၊ လဲ​သည်​ဖြစ်​စေ သူ့​သ​ခင်​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သူ​သည်​ရပ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်​မူ​၏။

5. အ​ချို့​သော​သူ​သည် နေ့​ရက်​တစ်​ရက်​ကို အ​ခြား​နေ့​ရက်​ထက် ပို​၍​မြတ်​သည်​ဟု​ယူ​ဆ​၏။ အ​ချို့​မူ​ကား နေ့​ရက်​အား​လုံး​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ​၏။ လူ​တိုင်း မိ​မိ​တို့​ယူ​ဆ​ထား​သော​အ​ရာ​အ​ပေါ် စိတ်​နှ​လုံး​ထဲ​၌ အ​ပြည့်​အ​ဝ​ယုံ​ကြည်​ပါ​စေ။

6. နေ့​ရက်​ကို​စောင့်​ထိန်း​သော​သူ​သည် သ​ခင်​ဘု​ရား​အ​တွက်​စောင့်​ထိန်း​၏။ စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​စား​၏။ အ​ကြောင်း​မူ​ကား သူ​သည် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။ မ​စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​မ​စား​ဘဲ​နေ​၍ ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

7. ငါ​တို့​တွင် ကိုယ့်​အ​တွက်​အ​သက်​ရှင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ့်​အ​တွက်​သေ​သော​သူ​လည်း တစ်​ယောက်​မျှ​မ​ရှိ။

8. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သက်​ရှင်​လျှင် သ​ခင်​ဘု​ရား​အ​တွက်​အ​သက်​ရှင်​၍ သေ​လျှင် သ​ခင်​ဘု​ရား​အ​တွက်​သေ​၏။ ထို့​ကြောင့် ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​ကြ​၏။

9. အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည် သေ​လွန်​သော​သူ​တို့​နှင့်​အ​သက်​ရှင်​သော​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​ရန်​အ​တွက် အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​သက်​ပြန်​ရှင်​တော်​မူ​၏။

10. သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို စီ​ရင်​သ​နည်း။ အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ ငါ​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​၏​တ​ရား​ပလ္လင်​တော်​ရှေ့​၌ ရပ်​ကြ​ရ​လိမ့်​မည်။

11. အ​ကြောင်း​မူ​ကား “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ငါ​သည် အ​သက်​ရှင်​သည်​ဖြစ်​၍ လူ​တိုင်း ငါ့​ရှေ့​၌ ဒူး​ထောက်​လိမ့်​မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။

12. သို့​ဖြစ်​၍ ငါ​တို့​တစ်​ဦး​စီ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိ​မိ​အ​ကြောင်း​ကို မိ​မိ​ဖြေ​ရှင်း​ရ​လိမ့်​မည်။

13. ထို့​ကြောင့် ငါ​တို့​သည် နောက်​ထပ် အ​ချင်း​ချင်း​မ​စီ​ရင်​ဘဲ​နေ​ကြ​ကုန်​စို့။ ထို​မျှ​မ​က ညီ​အစ်​ကို​အ​တွက် ခ​လုတ်​တံ​သင်း သို့​မ​ဟုတ် မှား​ယွင်း​စေ​သော​အ​ရာ​ကို​မ​ထား​ရန် စီ​ရင်​ကြ​လော့။

14. ပ​က​တိ​အ​လျောက် မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု သ​ခင်​ယေ​ရှု​၌ ငါ​အ​မှန်​သိ​လျက် ယုံ​ကြည်​စိတ်​ချ​၏။ သို့​သော် တစ်​စုံ​တစ်​ရာ​ကို​မ​စင်​ကြယ်​ဟု မှတ်​ယူ​သော​သူ​အ​တွက် ထို​အ​ရာ​သည်​မ​စင်​ကြယ်။

15. အ​စား​အ​စာ​ကြောင့် သင်​၏​ညီ​အစ်​ကို​ကို ဝမ်း​နည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခ​ရစ်​တော်​က ကိုယ်​စား​အ​သေ​ခံ​ပေး​တော်​မူ​သော သင့်​ညီ​အစ်​ကို​ကို သင်​၏​အ​စား​အ​စာ​ကြောင့် မ​ပျက်​စီး​စေ​နှင့်။

16. သင်​တို့​အ​တွက်​ကောင်း​သော​အ​ရာ​ကို​လည်း ပြစ်​တင်​ပြော​ဆို​စ​ရာ​မ​ဖြစ်​စေ​ကြ​နှင့်။

ရော​မ​ဩ​ဝါ​ဒ​စာ 14