8. အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။
9. အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။
10. ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။
11. သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။
12. ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။