ရော​မ​ဩ​ဝါ​ဒ​စာ 13:1-11 Myanmar Standard Bible (MSB)

1. အ​ထက်​အာ​ဏာ​ပိုင်​များ​ကို လူ​တိုင်း​နာ​ခံ​စေ။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ထံ​မှ​မ​ဟုတ်​သော​အာ​ဏာ​ဟူ​၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာ​ဏာ​များ​သည် ဘု​ရား​သ​ခင်​ခန့်​အပ်​တော်​မူ​ရာ​ဖြစ်​၏။

2. ထို့​ကြောင့် အာ​ဏာ​ပိုင်​ကို​ဆန့်​ကျင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ပြဋ္ဌာန်း​တော်​မူ​ချက်​ကို ဆန့်​ကျင်​ရာ​ရောက်​၏။ ထို​သို့​ဆန့်​ကျင်​သော​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​ကြ​လိမ့်​မည်။

3. အ​ဘယ်​ကြောင့်​ဆို​သော် အုပ်​ချုပ်​သူ​များ​သည် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​အ​တွက် ကြောက်​စ​ရာ​မ​ဟုတ်​ဘဲ မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​အ​တွက်​သာ ကြောက်​စ​ရာ​ဖြစ်​၏။ သင်​သည် အာ​ဏာ​ပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အ​မှု​ကို​ပြု​လော့။ ထို​သို့​ပြု​လျှင် သူ​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

4. အ​ကြောင်း​မူ​ကား သူ​သည် သင့်​အား ကောင်း​ကျိုး​ပြု​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၏။ သို့​ရာ​တွင် မ​ကောင်း​သော​အ​မှု​ကို​သင်​ပြု​လျှင် ကြောက်​ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အ​ကြောင်း​မဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မ​ကောင်း​သော​အ​မှု​ကို​ပြု​ကျင့်​သော​သူ​အား အ​မျက်​တော်​အ​တွက် အ​ပြစ်​ဒဏ်​ပေး​သည့် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၏။

5. သို့​ဖြစ်​၍ အ​မျက်​တော်​ကြောင့်​သာ​မ​ဟုတ်​ဘဲ အ​သိ​စိတ်​အ​တွက်​ကြောင့်​လည်း နာ​ခံ​ရ​မည်။

6. ဤ​အ​ကြောင်း​ကြောင့် အ​ခွန်​များ​ကို​လည်း သင်​တို့​ပေး​ဆောင်​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​မှု​ကို​ထမ်း​ဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အ​မှု​ကို အ​စဉ်​တ​စိုက်​ဆောင်​ရွက်​နေ​ကြ​၏။

7. သို့​ဖြစ်​၍ လူ​အ​သီး​သီး​တို့​အား ပေး​သင့်​သည်​ကို ပေး​ဆောင်​ကြ​လော့။ အ​ခွန်​ပေး​သင့်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ပေး​သင့်​သော​သူ​အား အ​ကောက်​ကို​လည်း​ကောင်း ပေး​ဆောင်​ကြ​လော့။ ကြောက်​ရွံ့​သင့်​သော​သူ​ကို​ကြောက်​ရွံ့​၍ ရို​သေ​သင့်​သော​သူ​ကို​ရို​သေ​ကြ​လော့။

8. အ​ချင်း​ချင်း​ချစ်​ခြင်း​မှ​တစ်​ပါး မည်​သည့်​အ​ကြွေး​မျှ မ​တင်​စေ​ကြ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ပြည့်​စုံ​စေ​ပြီ။

9. အ​ကြောင်း​မူ​ကား “အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို မ​ကျူး​လွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုး​ယူ​ရ၊ တပ်​မက်​သော​စိတ်​မ​ရှိ​ရ”​ဟူ​သော​ပ​ညတ်​ချက်​များ​မှ​စ​၍ အ​ခြား​မည်​သည့်​ပ​ညတ်​ချက်​မ​ဆို “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော ဤ​မိန့်​တော်​မူ​ချက်​၌ ပေါင်း​ခြုံ​ထား​၏။

10. ချစ်​ခြင်း​မေတ္တာ​သည် ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​အ​ပေါ် မ​ကောင်း​သော​အ​မှု​ကို​မ​ပြု​တတ်။ ထို့​ကြောင့် ချစ်​ခြင်း​မေတ္တာ​သည် ပ​ညတ်​တ​ရား​၏​ပြည့်​စုံ​ရာ​ဖြစ်​၏။

11. သင်​တို့​သည် အ​ချိန်​အ​ခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်​ပျော်​ရာ​မှ နိုး​ထ​ရ​မည့်​အ​ချိန်​နာ​ရီ​ရောက်​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​အ​ခါ ငါ​တို့​၏​ကယ်​တင်​ခြင်း​သည် ငါ​တို့​စ​တင်​ယုံ​ကြည်​ချိန်​က​ထက် ပို​၍​နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 13