6. ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။
7. အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။
8. တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။
9. ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
10. ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
11. လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
12. မျှော်လင့်ခြင်း၌ဝမ်းမြောက်လျက် ဆင်းရဲဒုက္ခကိုသည်းခံကာ ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။
13. သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။