4. အကြောင်းမူကား ကိုယ်ခန္ဓာတစ်ခု၌ အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် တူညီသောလုပ်ဆောင်မှုကို လုပ်ဆောင်ကြသည်မဟုတ်သကဲ့သို့
5. အရေအတွက်အားဖြင့် များစွာရှိကြသောငါတို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းအချင်းချင်းဖြစ်ကြကာ
6. ငါတို့၌ပေးအပ်တော်မူသော ကျေးဇူးတော်အတိုင်း အထူးထူးအပြားပြားသောဆုကျေးဇူးများကို ရရှိကြ၏။ သို့ဖြစ်၍ ထိုဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ပမာဏအတိုင်း ပရောဖက်ပြုဟောပြောစေ။
7. အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။