11. လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
12. မျှော်လင့်ခြင်း၌ဝမ်းမြောက်လျက် ဆင်းရဲဒုက္ခကိုသည်းခံကာ ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။
13. သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
14. သင်တို့အားညှဉ်းဆဲသောသူတို့ကို ကောင်းချီးပေးကြလော့။ ကောင်းချီးကိုသာပေး၍ ကျိန်ဆဲခြင်းကိုမပြုကြနှင့်။
15. ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
16. အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။