ရော​မ​ဩ​ဝါ​ဒ​စာ 12:1-11 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​အား​ဖြင့် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် သန့်​ရှင်း​၍​အ​သက်​ရှင်​သော​ယဇ်​အ​ဖြစ် ပူ​ဇော်​ကြ​လော့။ ဤ​သည်​ကား သင်​တို့​ပြု​အပ်​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဝတ်​ပြု​ခြင်း​ဖြစ်​၏။

2. သင်​တို့​သည် ဤ​လော​က​၏​ပုံ​သဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​နိုင်​ရန် စိတ်​နှ​လုံး​ကို အ​သစ်​ပြု​ပြင်​ခြင်း​ဖြင့် ပုံ​သဏ္ဌာန်​ပြောင်း​လဲ​ခြင်း​ရှိ​ကြ​လော့။

3. ငါ့​အား​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ထဲ​တွင်​ရှိ​သော​သူ​အား​လုံး​ကို ငါ​မှာ​ကြား​လို​သည်​မှာ သင်​တို့​သည် မိ​မိ​ကိုယ်​ကို ထင်​သင့်​သည်​ထက် ပို​၍​အ​ထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အ​သီး​သီး​အား ဘု​ရား​သ​ခင်​ခွဲ​ဝေ​ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​အ​တိုင်း​အ​တာ​နှင့်​အ​ညီ သင့်​တင့်​လျောက်​ပတ်​စွာ ထင်​မြင်​ကြ​လော့။

4. အ​ကြောင်း​မူ​ကား ကိုယ်​ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​သည် တူ​ညီ​သော​လုပ်​ဆောင်​မှု​ကို လုပ်​ဆောင်​ကြ​သည်​မ​ဟုတ်​သ​ကဲ့​သို့

5. အ​ရေ​အ​တွက်​အား​ဖြင့် များ​စွာ​ရှိ​ကြ​သော​ငါ​တို့​သည်​လည်း ခ​ရစ်​တော်​၌ ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း​ချင်း​ဖြစ်​ကြ​ကာ

6. ငါ​တို့​၌​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း အ​ထူး​ထူး​အ​ပြား​ပြား​သော​ဆု​ကျေး​ဇူး​များ​ကို ရ​ရှိ​ကြ​၏။ သို့​ဖြစ်​၍ ထို​ဆု​ကျေး​ဇူး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ဖြစ်​လျှင် ယုံ​ကြည်​ခြင်း​၏​ပ​မာ​ဏ​အ​တိုင်း ပ​ရော​ဖက်​ပြု​ဟော​ပြော​စေ။

7. အ​မှု​တော်​ဆောင်​ဖြစ်​လျှင် အ​မှု​တော်​ကို​ဆောင်​ရွက်​စေ။ သွန်​သင်​သော​သူ​ဖြစ်​လျှင် သွန်​သင်​ခြင်း​ကို​ပြု​စေ။

8. တိုက်​တွန်း​နှိုး​ဆော်​သူ​ဖြစ်​လျှင် တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ကို​ပြု​စေ။ ပေး​ကမ်း​ဝေ​မျှ​သော​သူ​သည် ရက်​ရော​စွာ​ပေး​ကမ်း​ဝေ​မျှ​စေ။ စီ​မံ​အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝီ​ရိ​ယ​ဖြင့်​စီ​မံ​အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း​အ​မှု​ကို​ပြု​သော​သူ​သည် ကြည်​ဖြူ​သော​စိတ်​နှင့်​ပြု​စေ။

9. ချစ်​ခြင်း​မေတ္တာ​သည် ဟန်​ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မ​ကောင်း​သော​အ​ရာ​ကို​ရွံ​မုန်း​၍ ကောင်း​သော​အ​ရာ​ကို​တွယ်​တာ​ကြ​လော့။

10. ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​ချစ်​ခင်​ကြင်​နာ​ကြ​၍ ရို​သေ​သ​မှု​ပြု​ခြင်း​၌ သူ​တစ်​ပါး​သည် မိ​မိ​ထက်​သာ​လွန်​သည်​ဟု မှတ်​ယူ​ကြ​လော့။

11. လုံ့​လ​ဝီ​ရိ​ယ​စိုက်​ထုတ်​ရာ​တွင် ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​ရေး​၌​ထက်​သန်​လျက် သ​ခင်​ဘု​ရား​ကို​အ​စေ​ခံ​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 12