ရော​မ​ဩ​ဝါ​ဒ​စာ 11:7-11 Myanmar Standard Bible (MSB)

7. သို့​ဖြစ်​လျှင် မည်​သို့​နည်း။ အစ္စ​ရေး​လူ​မျိုး​တို့​သည် မိ​မိ​တို့​ကြိုး​စား​ရှာ​ဖွေ​သော​အ​ရာ​ကို မ​ရ​ရှိ​ကြ။ ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သာ ရ​ရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာ​ကျော​ခက်​ထန်​သော​သ​ဘော​ရှိ​ကြ​၏။

8. “ဘု​ရား​သ​ခင်​သည် သူ​တို့​အား ယ​နေ့​ထိ​တိုင်​အောင် ထိုင်း​မှိုင်း​သော​စိတ်​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်း​ကောင်း ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

9. ဒါ​ဝိဒ်​က​လည်း “သူ​တို့​၏​စား​ပွဲ​သည် သူ​တို့​အ​တွက် ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ မှား​ယွင်း​စေ​သော​အ​ရာ​သော်​လည်း​ကောင်း၊ လက်​တုံ့​ပြန်​စ​ရာ​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။

10. သူ​တို့​၏​မျက်​စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါ​စေ။ သူ​တို့​၏​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ”​ဟု ဆို​ထား​၏။

11. သို့​ဖြစ်​လျှင် သူ​တို့​ခ​လုတ်​တိုက်​ကြ​သည်​မှာ သူ​တို့​လဲ​ကျ​စေ​ရန်​လော​ဟု ငါ​မေး​၏။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​မှန်​အား​ဖြင့် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​ကြောင့် လူ​မျိုး​ခြား​တို့​ထံ ကယ်​တင်​ခြင်း​ကျေး​ဇူး​သက်​ရောက်​၍ ဤ​အ​မှု​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​ရန်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 11