ရော​မ​ဩ​ဝါ​ဒ​စာ 11:5-15 Myanmar Standard Bible (MSB)

5. ထို​နည်း​တူ ယ​ခု​အ​ချိန်​အ​ခါ​၌​လည်း ကျေး​ဇူး​တော်​အား​ဖြင့် ရွေး​ကောက်​ခံ​ရ​သည့်​ကြွင်း​ကျန်​သော​သူ​ရှိ​သေး​၏။

6. သို့​သော် ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​လျှင် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​တော့​ပေ။ သို့​မ​ဟုတ်​လျှင် ကျေး​ဇူး​တော်​သည် ကျေး​ဇူး​တော်​ဖြစ်​တော့​မည်​မ​ဟုတ်။

7. သို့​ဖြစ်​လျှင် မည်​သို့​နည်း။ အစ္စ​ရေး​လူ​မျိုး​တို့​သည် မိ​မိ​တို့​ကြိုး​စား​ရှာ​ဖွေ​သော​အ​ရာ​ကို မ​ရ​ရှိ​ကြ။ ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သာ ရ​ရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာ​ကျော​ခက်​ထန်​သော​သ​ဘော​ရှိ​ကြ​၏။

8. “ဘု​ရား​သ​ခင်​သည် သူ​တို့​အား ယ​နေ့​ထိ​တိုင်​အောင် ထိုင်း​မှိုင်း​သော​စိတ်​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်း​ကောင်း ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

9. ဒါ​ဝိဒ်​က​လည်း “သူ​တို့​၏​စား​ပွဲ​သည် သူ​တို့​အ​တွက် ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ မှား​ယွင်း​စေ​သော​အ​ရာ​သော်​လည်း​ကောင်း၊ လက်​တုံ့​ပြန်​စ​ရာ​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။

10. သူ​တို့​၏​မျက်​စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါ​စေ။ သူ​တို့​၏​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ”​ဟု ဆို​ထား​၏။

11. သို့​ဖြစ်​လျှင် သူ​တို့​ခ​လုတ်​တိုက်​ကြ​သည်​မှာ သူ​တို့​လဲ​ကျ​စေ​ရန်​လော​ဟု ငါ​မေး​၏။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​မှန်​အား​ဖြင့် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​ကြောင့် လူ​မျိုး​ခြား​တို့​ထံ ကယ်​တင်​ခြင်း​ကျေး​ဇူး​သက်​ရောက်​၍ ဤ​အ​မှု​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​ရန်​ဖြစ်​၏။

12. သို့​သော် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​သည် လော​ကီ​သား​တို့​၏​ကြွယ်​ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံး​နိမ့်​ခြင်း​သည် လူ​မျိုး​ခြား​တို့​၏​ကြွယ်​ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်​စုံ​ခြင်း​သည် မည်​မျှ​ပို​၍​များ​သော​အ​ကျိုး​ကို ဖြစ်​စေ​လိမ့်​မည်​နည်း။

13. ထို့​ကြောင့် လူ​မျိုး​ခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူ​မျိုး​ခြား​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​အ​လျောက် ငါ​၏​အ​မှု​တော်​လုပ်​ငန်း​ကို ဂုဏ်​ယူ​လျက်

14. တစ်​နည်း​နည်း​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ကယ်​တင်​နိုင်​ရန် ငါ​မျှော်​လင့်​နေ​၏။

15. အ​ကြောင်း​မူ​ကား သူ​တို့​ပစ်​ပယ်​ခံ​ရ​ခြင်း​သည် လော​ကီ​သား​တို့​အ​တွက် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်​ခံ​ခြင်း​သည် သေ​လွန်​သော​သူ​တို့​အ​သက်​ပြန်​ရှင်​ခြင်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်​လော။

ရော​မ​ဩ​ဝါ​ဒ​စာ 11