ရော​မ​ဩ​ဝါ​ဒ​စာ 11:28-36 Myanmar Standard Bible (MSB)

28. ကောင်း​မြတ်​သော​သ​တင်း​အ​ရ သူ​တို့​သည် သင်​တို့​အ​တွက်​ကြောင့် ရန်​သူ​များ​ဖြစ်​ကြ​သော်​လည်း ရွေး​ကောက်​တော်​မူ​ခြင်း​အ​ရ ရှေး​ဘိုး​ဘေး​များ​အ​တွက်​ကြောင့် ချစ်​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။

29. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​များ​နှင့်​ခေါ်​ယူ​တော်​မူ​ခြင်း​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ။

30. သင်​တို့​သည် တစ်​ချိန်​က ဘု​ရား​သ​ခင်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ ထို​သူ​တို့​၏​မ​နာ​ခံ​မှု​ကြောင့် က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​သ​ကဲ့​သို့

31. သူ​တို့​သည်​လည်း ထို​နည်း​တူ ယ​ခု​နာ​ခံ​ခြင်း​မ​ရှိ​ကြ​ပေ။ ဤ​သည်​ကား သင်​တို့​ခံ​ရ​သော​က​ရု​ဏာ​တော်​အား​ဖြင့် ယ​ခု​အ​ခါ သူ​တို့​သည်​လည်း က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​စေ​ရန်​ဖြစ်​၏။

32. ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​အ​ပေါ်​က​ရု​ဏာ​ထား​တော်​မူ​ရန် လူ​အ​ပေါင်း​တို့​ကို မ​နာ​ခံ​မှု​အ​ဖြစ်​၌​ချုပ်​ထား​တော်​မူ​၏။

33. ဘု​ရား​သ​ခင်​၏​အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​တော်​တို့​၏​ကြွယ်​ဝ​မှု​သည် နက်​နဲ​လှ​ပါ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို စူး​စမ်း​လေ့​လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်​မျှော်​တွေး​ဆ​၍​မ​ရ​နိုင်။

34. “မည်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော်​ကို​သိ​သ​နည်း။ မည်​သူ​သည် ကိုယ်​တော်​၏​အ​တိုင်​ပင်​ခံ​ဖြစ်​ဖူး​သ​နည်း။

35. မိ​မိ​အ​ပေါ် ကိုယ်​တော်​ကျေး​ဇူး​တုံ့​ပြန်​ရ​လေ​အောင် မည်​သူ​သည် ကိုယ်​တော်​အား ဦး​စွာ​ကျေး​ဇူး​ပြု​ဖူး​သ​နည်း။”

36. အ​ကြောင်း​မူ​ကား အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​ထံ​မှ​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​တွက်​လည်း​ကောင်း ဖြစ်​တည်​ကြ​၏။ ကိုယ်​တော်​ရှင်​၌ ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း​အ​သ​ရေ​တော်​တည်​ရှိ​ပါ​စေ​သော။ အာ​မင်။

ရော​မ​ဩ​ဝါ​ဒ​စာ 11