ရော​မ​ဩ​ဝါ​ဒ​စာ 10:5-12 Myanmar Standard Bible (MSB)

5. မော​ရှေ​က​လည်း ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​နှင့်​ပတ်​သက်​၍ “ဤ​အ​ရာ​များ​ကို​လိုက်​နာ​ကျင့်​သုံး​သော​သူ​သည် ၎င်း​တို့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်”​ဟု ရေး​ထား​၏။

6. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း​မူ​ကား “သင်​၏​စိတ်​နှ​လုံး​ထဲ​၌ ‘ကောင်း​ကင်​သို့ မည်​သူ​တက်​မည်​နည်း’​ဟု မ​ပြော​နှင့် (ဤ​သည်​ကား ခ​ရစ်​တော်​ကို အောက်​သို့​ခေါ်​ဆောင်​လာ​ခြင်း​ဖြစ်​၏။)

7. သို့​မ​ဟုတ် ‘အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​သို့ မည်​သူ​ဆင်း​မည်​နည်း’​ဟူ​၍​လည်း မ​ပြော​နှင့် (ဤ​သည်​ကား ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ခေါ်​ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။

8. ထို့​ပြင် မည်​သို့​ဆို​ထား​သ​နည်း။ “တ​ရား​စ​ကား​သည် သင်​၏​အ​နီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်း​ကောင်း၊ သင်​၏​စိတ်​နှ​လုံး​၌​လည်း​ကောင်း ရှိ​၏”​ဟု ဆို​ထား​၏။ ဤ​သည်​ကား ငါ​တို့​ဟော​ပြော​သည့် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော တ​ရား​စ​ကား​ဖြစ်​၏။

9. သင်​သည် မိ​မိ​နှုတ်​ဖြင့် ယေ​ရှု​သည် အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​၍ သင်​၏​စိတ်​နှ​လုံး​ထဲ​၌ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ယုံ​ကြည်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။

10. အ​ကြောင်း​မူ​ကား လူ​သည် စိတ်​နှ​လုံး​ဖြင့်​ယုံ​ကြည်​၍ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ပြီး နှုတ်​ဖြင့်​ဝန်​ခံ​၍ ကယ်​တင်​ခြင်း​ခံ​ရ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​က “ထို​ကျောက်​ကို​ယုံ​ကြည်​သ​မျှ​သော​သူ​သည် အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။

12. ဤ​တွင် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​တို့​ကြား​၌ ခြား​နား​မှု​မ​ရှိ။ အ​ကြောင်း​မူ​ကား တစ်​ပါး​တည်း​သော​အ​ရှင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ကိုယ်​တော်​ကို​ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား ကြွယ်​ဝ​စေ​တော်​မူ​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 10