ရော​မ​ဩ​ဝါ​ဒ​စာ 1:8-12 Myanmar Standard Bible (MSB)

8. သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကျော်​ကြား​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​အား​လုံး​အ​တွက် ငါ​၏​ဘု​ရား​သ​ခင်​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ပ​ထ​မ​ဦး​စွာ​ကျေး​ဇူး​တင်​၏။

11. သင်​တို့​ကို ငါ​အ​လွန်​တွေ့​မြင်​လို​သည်​မှာ သင်​တို့​အား ဝိ​ညာဉ်​ဆု​ကျေး​ဇူး​အ​ချို့​ကို​ဝေ​မျှ​ပေး​၍ သင်​တို့​ကို​ခိုင်​ခံ့​မြဲ​မြံ​စေ​ရန်​ဖြစ်​၏။

12. ထို​သို့​ဆို​သော် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်​ဦး​နှစ်​ဖက်​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် နှစ်​သိမ့်​မှု​ကို အ​တူ​တ​ကွ​ခံ​စား​နိုင်​ရန်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 1