ဗျာ​ဒိတ်​ကျမ်း 9:5-16 Myanmar Standard Bible (MSB)

5. ထို့​ပြင် လူ​တို့​ကို​အ​သေ​မ​သတ်​ဘဲ ငါး​လ​ပတ်​လုံး​ညှဉ်း​ဆဲ​သော​အ​ခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံ​ရ​သည့်​ဝေ​ဒ​နာ​သည် လူ​ကို ကင်း​မြီး​ကောက်​ထိုး​သော​အ​ခါ ခံ​ရ​သည့်​ဝေ​ဒ​နာ​မျိုး​နှင့်​တူ​၏။

6. ထို​နေ့​ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်​မည်။ သို့​သော် တွေ့​ကြ​မည်​မ​ဟုတ်။ အ​လွန်​သေ​ချင်​သော်​လည်း သေ​ခြင်း​သည် သူ​တို့​ထံ​မှ ထွက်​ပြေး​လိမ့်​မည်။

7. ထို​ကျိုင်း​ကောင်​တို့​၏​သဏ္ဌာန်​သည် စစ်​ပွဲ​အ​တွက်​ပြင်​ဆင်​ထား​သော စစ်​မြင်း​နှင့်​တူ​၏။ သူ​တို့​၏​ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကဲ့​သို့​သော​အ​ရာ​ရှိ​၍ သူ​တို့​၏​မျက်​နှာ​သည် လူ​မျက်​နှာ​နှင့်​တူ​၏။

8. သူ​တို့​၌ မိန်း​မ​ဆံ​ပင်​နှင့်​တူ​သော​ဆံ​ပင်​ရှိ​၍ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​ကဲ့​သို့​ဖြစ်​၏။

9. သူ​တို့​၌ သံ​ရင်​အုပ်​တန်​ဆာ​နှင့်​တူ​သော ရင်​အုပ်​တန်​ဆာ​ရှိ​၍ သူ​တို့​၏​တောင်​ပံ​ခတ်​သံ​သည် စစ်​ပွဲ​သို့​ပြေး​သွား​သည့် များ​စွာ​သော​မြင်း​ရ​ထား​တို့​၏​အ​သံ​နှင့်​တူ​၏။

10. သူ​တို့​တွင် ကင်း​မြီး​ကောက်​သ​ကဲ့​သို့ ဆူး​ပါ​သော​အ​မြီး​ရှိ​၍ ထို​အ​မြီး​၌ လူ​တို့​ကို ငါး​လ​တိုင်​တိုင်​ဘေး​သင့်​စေ​နိုင်​သော​အ​စွမ်း​ရှိ​၏။

11. သူ​တို့​၏​ဘု​ရင်​ကား အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​အ​ရပ်​၏​စေ​တ​မန်​ဖြစ်​၏။ ထို​သူ​၏​အ​မည်​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​ဗဒ္ဒုန်​ဟူ​၍​ဖြစ်​ပြီး ဂ​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​ပေါ​လျုန်​ဟူ​၍​ဖြစ်​၏။

12. ပ​ထ​မ​အမင်္ဂ​လာ​သည် လွန်​သွား​လေ​ပြီ။ ဤ​အ​ရာ​များ​၏​နောက်​တွင် အမင်္ဂ​လာ​နှစ်​မျိုး​လာ​ဦး​မည်။

13. ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်​ပလ္လင်​၏​ဦး​ချို​လေး​ချောင်း​ထံ​မှ ထွက်​လာ​သော​အ​သံ​က

14. ထို​တံ​ပိုး​ခ​ရာ​ရှိ​သော​ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား “ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​နား​မှာ ချည်​နှောင်​ထား​သော​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို ဖြေ​လွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

15. ထို​အ​ခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့​ရက်​နှင့် ထို​အ​ချိန်​နာ​ရီ​အ​တွက် ပြင်​ဆင်​ထား​သော​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် လူ​သား​သုံး​ပုံ​တစ်​ပုံ​ကို​သတ်​ဖြတ်​ရန် ဖြေ​လွှတ်​ခြင်း​ခံ​ရ​ကြ​၏။

16. မြင်း​စီး​သူ​ရဲ​တို့​၏​အ​ရေ​အ​တွက်​မှာ သန်း​ပေါင်း​နှစ်​ရာ​ဖြစ်​၏။ သူ​တို့​၏​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ​၏။

ဗျာ​ဒိတ်​ကျမ်း 9