ဗျာ​ဒိတ်​ကျမ်း 9:10-19 Myanmar Standard Bible (MSB)

10. သူ​တို့​တွင် ကင်း​မြီး​ကောက်​သ​ကဲ့​သို့ ဆူး​ပါ​သော​အ​မြီး​ရှိ​၍ ထို​အ​မြီး​၌ လူ​တို့​ကို ငါး​လ​တိုင်​တိုင်​ဘေး​သင့်​စေ​နိုင်​သော​အ​စွမ်း​ရှိ​၏။

11. သူ​တို့​၏​ဘု​ရင်​ကား အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​အ​ရပ်​၏​စေ​တ​မန်​ဖြစ်​၏။ ထို​သူ​၏​အ​မည်​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​ဗဒ္ဒုန်​ဟူ​၍​ဖြစ်​ပြီး ဂ​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​ပေါ​လျုန်​ဟူ​၍​ဖြစ်​၏။

12. ပ​ထ​မ​အမင်္ဂ​လာ​သည် လွန်​သွား​လေ​ပြီ။ ဤ​အ​ရာ​များ​၏​နောက်​တွင် အမင်္ဂ​လာ​နှစ်​မျိုး​လာ​ဦး​မည်။

13. ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်​ပလ္လင်​၏​ဦး​ချို​လေး​ချောင်း​ထံ​မှ ထွက်​လာ​သော​အ​သံ​က

14. ထို​တံ​ပိုး​ခ​ရာ​ရှိ​သော​ဆဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား “ကြီး​မား​သော​ယူ​ဖ​ရေး​တီး​မြစ်​နား​မှာ ချည်​နှောင်​ထား​သော​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို ဖြေ​လွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

15. ထို​အ​ခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့​ရက်​နှင့် ထို​အ​ချိန်​နာ​ရီ​အ​တွက် ပြင်​ဆင်​ထား​သော​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် လူ​သား​သုံး​ပုံ​တစ်​ပုံ​ကို​သတ်​ဖြတ်​ရန် ဖြေ​လွှတ်​ခြင်း​ခံ​ရ​ကြ​၏။

16. မြင်း​စီး​သူ​ရဲ​တို့​၏​အ​ရေ​အ​တွက်​မှာ သန်း​ပေါင်း​နှစ်​ရာ​ဖြစ်​၏။ သူ​တို့​၏​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ​၏။

17. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌ ငါ​မြင်​ရ​သော မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​မှာ ဤ​သို့​ဖြစ်​၏။ မြင်း​စီး​သူ​ရဲ​တို့​၌ မီး​လျှံ​ရောင်၊ နက်​ပြာ​ရောင်​နှင့် ကန့်​ကဲ့​သို့​ဝါ​သော ရင်​အုပ်​တန်​ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​သည် ခြင်္သေ့​၏​ဦး​ခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံ​တွင်း​ထဲ​မှ မီး​လျှံ၊ မီး​ခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။

18. သူ​တို့​၏​ခံ​တွင်း​ထဲ​မှ​ထွက်​သည့် မီး​လျှံ၊ မီး​ခိုး​နှင့် ကန့်​တည်း​ဟူ​သော ဤ​ဘေး​ဒဏ်​သုံး​ပါး​တို့​ကြောင့် လူ​သား​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​၏။

19. မြင်း​တို့​၏​အ​စွမ်း​သည် သူ​တို့​၏​ခံ​တွင်း​နှင့်​အ​မြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အ​မြီး​သည် မြွေ​နှင့်​တူ​ပြီး ဦး​ခေါင်း​ရှိ​၍ ထို​ဦး​ခေါင်း​အား​ဖြင့် လူ​တို့​အား​ဘေး​သင့်​စေ​၏။

ဗျာ​ဒိတ်​ကျမ်း 9