ဗျာ​ဒိတ်​ကျမ်း 9:1-3 Myanmar Standard Bible (MSB)

1. ပဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​မြေ​ကြီး​ပေါ်​သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အ​တိုင်း​မ​သိ​နက်​ရှိုင်း​သော​တွင်း​၏​သော့​ကို ပေး​အပ်​ထား​၏။

2. သူ​သည် ထို​အ​တိုင်း​မ​သိ​နက်​ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သော​အ​ခါ မီး​ဖို​ကြီး​၏​မီး​ခိုး​ကဲ့​သို့​သော​မီး​ခိုး​များ​သည် ထို​တွင်း​ထဲ​မှ​တက်​လာ​ပြီး ထို​တွင်း​၏​မီး​ခိုး​များ​ကြောင့် နေ​နှင့်​အာ​ကာ​သ​သည် မှောင်​မိုက်​သွား​လေ​၏။

3. ထို့​နောက် ထို​မီး​ခိုး​ထဲ​မှ ကျိုင်း​ကောင်​များ​သည် မြေ​ကြီး​ပေါ်​သို့​ထွက်​လာ​ကြ​၏။ သူ​တို့​အား မြေ​ကြီး​၏​ကင်း​မြီး​ကောက်​တို့​၌​ရှိ​သည့် အ​စွမ်း​ကဲ့​သို့​သော​အ​စွမ်း​ကို ပေး​အပ်​ထား​၏။

ဗျာ​ဒိတ်​ကျမ်း 9