ဗျာ​ဒိတ်​ကျမ်း 7:7-16 Myanmar Standard Bible (MSB)

7. ရှိ​မောင်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊

8. ဇာ​ဗု​လုန်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန်​အ​နွယ်​ထဲ​မှ တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​ကြ​၏။

9. ထို့​နောက် ငါ​ကြည့်​လိုက်​ရာ တိုင်း​နိုင်​ငံ၊ မျိုး​နွယ်​စု၊ လူ​မျိုး​နှင့် ဘာ​သာ​စ​ကား​အ​သီး​သီး​တို့​မှ မည်​သူ​မျှ​မ​ရေ​တွက်​နိုင်​သည့်​များ​စွာ​သော​လူ​အ​စု​အ​ဝေး​သည် ဖြူ​သော​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်​ပ​လွံ​ခက်​များ​ကိုင်​ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုး​သ​ငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။

10. သူ​တို့​က “ကယ်​တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော ငါ​တို့​၏​ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ကြ​၏။

11. ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့် သတ္တ​ဝါ​လေး​ပါး​တို့​၏​ပတ်​လည်​၌ ရပ်​နေ​ကြ​၏။ သူ​တို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​လျက် ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​ကာ

12. “အာ​မင်။ ကောင်း​ချီး​မင်္ဂ​လာ၊ ဘုန်း​အ​သ​ရေ၊ ဉာဏ်​ပ​ညာ၊ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း၊ ဂုဏ်​သ​ရေ၊ တန်​ခိုး​နှင့် အ​စွမ်း​သတ္တိ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ရှိ​ပါ​စေ​သော။ အာ​မင်”​ဟု မြွက်​ဆို​ကြ​၏။

13. ထို့​နောက် သက်​ကြီး​ဝါ​ကြီး​တို့​ထဲ​မှ​တစ်​ပါး​က “ဖြူ​သော​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​သော​ဤ​သူ​တို့​သည် မည်​သူ​တို့​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း”​ဟု ငါ့​အား​မေး​၏။

14. ငါ​က​လည်း “သ​ခင်၊ ကိုယ်​တော်​သိ​ပါ​၏”​ဟု ပြန်​လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ ထွက်​လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို သိုး​သ​ငယ်​တော်​၏​သွေး​တော်​အား​ဖြင့် လျှော်​ဖွပ်​လျက် ဖြူ​ဖွေး​စေ​ကြ​၏။

15. ထို့​ကြောင့် သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်​တော်​၏​ဗိ​မာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်​တော်​ကို​ဝတ်​ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​သည်​လည်း သူ​တို့​နှင့်​အ​တူ​စံ​မြန်း​တော်​မူ​လိမ့်​မည်။

16. သူ​တို့​သည် နောက်​တစ်​ဖန် ဆာ​လောင်​ခြင်း၊ ရေ​ငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ သို့​မ​ဟုတ် အ​ခြား​မည်​သည့်​အ​ပူ​ရှိန်​မျှ သူ​တို့​အ​ပေါ်​ကျ​ရောက်​မည်​မ​ဟုတ်။

ဗျာ​ဒိတ်​ကျမ်း 7