2. တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် အသက်ရှင်တော်မူသောဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှတက်လာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်သည် မြေကြီးနှင့်ပင်လယ်တို့ကို ဘေးသင့်စေနိုင်သောအခွင့်ရရှိထားသည့် ကောင်းကင်တမန်လေးပါးတို့အား
3. “ငါတို့ဘုရားသခင်၏အစေအပါးတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်မပြီးမချင်း မြေကြီး၊ ပင်လယ်နှင့် သစ်ပင်တို့ကို ဘေးမသင့်စေနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်၏။
4. ထို့နောက် တံဆိပ်ခတ်နှိပ်ခြင်းခံရသောသူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုအားလုံးထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
5. ယုဒအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရ၍ ရုဗင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
6. အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
7. ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
8. ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
9. ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
10. သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
11. ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးများနှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ