ဗျာ​ဒိတ်​ကျမ်း 6:2-11 Myanmar Standard Bible (MSB)

2. ထို​အ​ခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သ​ရ​ဖူ​တစ်​ခု​ကို​ရ​ရှိ​ပြီး အောင်​မြင်​ခြင်း​အ​ပေါ်​၌ ဆက်​၍​အောင်​မြင်​ရန် ထွက်​ခွာ​သွား​၏။

3. သိုး​သ​ငယ်​တော်​သည် ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ဒု​တိ​ယ​သတ္တ​ဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

4. ထို​အ​ခါ နီ​ရဲ​သော​အ​ခြား​မြင်း​တစ်​ကောင်​ထွက်​လာ​၏။ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​သည် လူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​စေ​ရန် မြေ​ကြီး​ပေါ်​မှ ငြိမ်း​ချမ်း​မှု​ကို​ရုပ်​သိမ်း​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​၏။ ကြီး​မား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။

5. သိုး​သ​ငယ်​တော်​သည် တ​တိ​ယ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ တ​တိ​ယ​သတ္တ​ဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထို​အ​ခါ ငါ​ကြည့်​လိုက်​ရာ မြင်း​နက်​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​သည် မိ​မိ​လက်​၌ ချိန်​ခွင်​ကို ကိုင်​ထား​၏။

6. ထို့​နောက် သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ​သော စ​ကား​သံ​နှင့်​တူ​သည့်​အ​သံ​က “ဂျုံ​ဆန်​တစ်​ခွက်​လျှင် ဒေ​နာ​ရိ​တစ်​ပြား၊ မု​ယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေ​နာ​ရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

7. သိုး​သ​ငယ်​တော်​သည် စ​တုတ္ထ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​က “လာ​လော့”​ဟု ဆို​သည့်​အ​သံ​ကို ငါ​ကြား​ရ​၏။

8. ထို​အ​ခါ ငါ​ကြည့်​လိုက်​ရာ​စိမ်း​ဖန့်​ဖန့်​မြင်း​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​သည် သေ​ခြင်း​ဟု​နာ​မည်​တွင်​၏။ သူ​၏​နောက်​မှ မ​ရ​ဏာ​နိုင်​ငံ​သည်​လိုက်​လာ​၏။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့်​လည်း​ကောင်း၊ သေ​ဘေး​ဖြင့်​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​ရှိ​သား​ရဲ​တိ​ရစ္ဆာန်​ဘေး​ဖြင့်​လည်း​ကောင်း လူ​တို့​ကို​သတ်​ဖြတ်​ရန် ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ်​ပုံ​အ​ပေါ် အ​ခွင့်​အာ​ဏာ​ကို​ရ​ကြ​၏။

9. သိုး​သ​ငယ်​တော်​သည် ပဉ္စ​မ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့​ရ​ရှိ​ထား​သော​သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို ယဇ်​ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။

10. ထို​သူ​တို့​က “သန့်​ရှင်း​၍ ဖြောင့်​မှန်​တော်​မူ​သော​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​သွေး​အ​တွက် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​နေ​ထိုင်​သော​သူ​တို့​ကို တ​ရား​မ​စီ​ရင်၊ လက်​တုံ့​လည်း​မ​ပြန်​ဘဲ မည်​မျှ​ကြာ​အောင်​နေ​တော်​မူ​မည်​နည်း”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ကြ​၏။

11. ထို​အ​ခါ သူ​တို့​တစ်​ဦး​စီ​အား ဖြူ​သော​ဝတ်​လုံ​ကို​ပေး​တော်​မူ​ပြီး​လျှင် သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ခံ​ရ​ရန်​ရှိ​သည့် သူ​တို့​၏​အ​စေ​အ​ပါး​ချင်း​များ​နှင့် သူ​တို့​ညီ​အစ်​ကို​များ​၏​အ​ရေ​အ​တွက် ပြည့်​စုံ​သည့်​တိုင်​အောင် နောက်​ထပ် ခ​ဏ​အ​နား​ယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်​မူ​၏။

ဗျာ​ဒိတ်​ကျမ်း 6