1. ထို့နောက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်၌ အတွင်းအပြင်နှစ်ဖက်စလုံးတွင် စာများရေးထားပြီး တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ်ထားသော စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။
2. ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။