ဗျာ​ဒိတ်​ကျမ်း 3:2-13 Myanmar Standard Bible (MSB)

2. သ​တိ​နှင့်​စောင့်​နေ​လော့။ သေ​လု​နီး​ပါး​ဖြစ်​နေ​သည့် ကျန်​ရှိ​သော​သူ​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​လော့။ အ​ကြောင်း​မူ​ကား သင်​၏​လုပ်​ဆောင်​မှု​များ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ပြည့်​စုံ​သည်​ဟူ​၍ ငါ​မ​တွေ့​ရ​ပေ။

3. ထို့​ကြောင့် သင်​သည် မည်​သို့​ခံ​ယူ​၍ ကြား​နာ​ခဲ့​သည်​ကို သ​တိ​ရ​လျက် ထို​အ​ရာ​တို့​ကို​စောင့်​ထိန်း​လော့။ နောင်​တ​ရ​လော့။ သင်​သည် သ​တိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါ​က သူ​ခိုး​ကဲ့​သို့ ငါ​လာ​မည်​ဖြစ်​၍ မည်​သည့်​အ​ချိန်​၌ သင့်​ထံ​သို့​ငါ​လာ​မည်​ကို သင်​လုံး​ဝ​သိ​လိမ့်​မည်​မ​ဟုတ်။

4. သို့​သော် သာ​ဒိ​မြို့​၌ မိ​မိ​တို့​အ​ဝတ်​ကို​မ​ညစ်​ညူး​စေ​သော​သူ အ​နည်း​ငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်​တန်​သော​သူ​များ​ဖြစ်​သော​ကြောင့် ဖြူ​သော​အ​ဝတ်​ကို​ဝတ်​လျက် ငါ​နှင့်​အ​တူ​သွား​လာ​ကြ​ရ​လိမ့်​မည်။

5. အောင်​မြင်​သော​သူ​သည် ထို​ကဲ့​သို့​ပင် ဖြူ​သော​ဝတ်​ရုံ​ကို​ဝတ်​ဆင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း သူ​၏​နာ​မည်​ကို အ​သက်​စာ​စောင်​မှ လုံး​ဝ​ပယ်​ဖျက်​မည်​မ​ဟုတ်။ ငါ​သည် သူ​၏​နာ​မည်​ကို ငါ့​ခ​မည်း​တော်​ရှေ့​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​များ​ရှေ့​၌​လည်း​ကောင်း ဝန်​ခံ​မည်။

6. ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

7. ဖိ​လ​ဒေ​လ​ဖိ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ သန့်​ရှင်း​သော​သူ၊ ဖြောင့်​မှန်​သော​သူ၊ ဒါ​ဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်​သူ​မျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်​သူ​မျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

8. သင်​၏​လုပ်​ဆောင်​မှု​များ​ကို ငါ​သိ​၏။ ကြည့်​ရှု​လော့။ မည်​သူ​မျှ​မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင်​၏​ရှေ့​၌ ငါ​ဖွင့်​ထား​ပြီ။ အ​ကြောင်း​မူ​ကား သင်​သည် ခွန်​အား​အ​နည်း​ငယ်​သာ​ရှိ​သော်​လည်း ငါ​၏​နှုတ်​က​ပတ်​တ​ရား​ကို​လိုက်​နာ​စောင့်​ထိန်း​၍ ငါ​၏​နာ​မ​ကို​မ​ငြင်း​ပယ်​ခဲ့​ချေ။

9. ကြည့်​ရှု​လော့။ မိ​မိ​တို့​ကိုယ်​ကို ဂျူး​လူ​မျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်​လည်း ဂျူး​လူ​မျိုး​မ​ဟုတ်​ဘဲ စာ​တန်​၏​အ​သင်း​ဝင်​များ​ဖြစ်​ကြ​သည့် လိမ်​လည်​ပြော​ဆို​သော​သူ​တို့​ကို သင်​၏​ခြေ​ရင်း​၌ လာ​၍​ရှိ​ခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။

10. သင်​သည် သည်း​ခံ​ခြင်း​နှင့်​ဆိုင်​သော ငါ​၏​နှုတ်​က​ပတ်​တ​ရား​ကို လိုက်​နာ​စောင့်​ထိန်း​သော​ကြောင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​ကြ​သော​သူ​တို့​ကို စမ်း​သပ်​စစ်​ဆေး​ရန်​အ​တွက် ကမ္ဘာ​တစ်​ခု​လုံး​အ​ပေါ်​သို့ သက်​ရောက်​လာ​တော့​မည့် စမ်း​သပ်​စစ်​ဆေး​ရာ​ကာ​လ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်​ရှောက်​မည်။

11. ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်​၏​သ​ရ​ဖူ​ကို မည်​သူ​မျှ​မ​လု​ယူ​စေ​ရန် သင်​၌​ရှိ​သော​အ​ရာ​ကို စွဲ​ကိုင်​ထား​လော့။

12. ငါ​သည် အောင်​မြင်​သော​သူ​အား ငါ့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်​သည့်​အ​ခါ​မျှ အ​ပြင်​သို့​ထွက်​ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ့​ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​ထံ​တော်​ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သည့် ဂျေ​ရု​ဆ​လင်​မြို့​သစ်​၏​နာ​မ​ကို​လည်း​ကောင်း၊ ငါ​၏​နာ​မ​အ​သစ်​ကို​လည်း​ကောင်း သူ့​အ​ပေါ်​၌​ရေး​ထား​မည်။

13. ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

ဗျာ​ဒိတ်​ကျမ်း 3