10. တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။
11. မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။
12. “ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။
13. ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။
14. မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။
15. အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။