ဗျာ​ဒိတ်​ကျမ်း 21:21-27 Myanmar Standard Bible (MSB)

21. မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ပေါက်​တို့​သည် ပု​လဲ​တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​ပြီး တံ​ခါး​တစ်​ပေါက်​လျှင် ပု​လဲ​တစ်​လုံး​စီ​ဖြင့်​ပြု​လုပ်​ထား​၏။ မြို့​၏​လမ်း​မ​သည်​လည်း ထုတ်​ချင်း​ခတ်​မြင်​နိုင်​သော​ဖန်​သား​နှင့်​တူ​သည့် ရွှေ​စင်​ဖြစ်​၏။

22. ထို​မြို့​၌ ဗိ​မာန်​တော်​ကို ငါ​မ​တွေ့​ရ​ပေ။ အ​ကြောင်း​မူ​ကား အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​တော်​သည် ထို​မြို့​၏​ဗိ​မာန်​တော်​ဖြစ်​၏။

23. ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထို​မြို့​ကို​ထွန်း​လင်း​စေ​၍ သိုး​သ​ငယ်​တော်​သည် ထို​မြို့​၏​ဆီ​မီး​ဖြစ်​သော​ကြောင့် ထို​မြို့​ကို​ထွန်း​လင်း​စေ​ရန် နေ​နှင့်​လ​တို့​ကို မ​လို​အပ်​ပေ။

24. လူ​မျိုး​တ​ကာ​တို့​သည် ထို​မြို့​၏​အ​လင်း​ကို​အ​မှီ​ပြု​၍ သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည်​လည်း မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ​ကို ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။

25. ထို​နေ​ရာ​၌ ည​မ​ရှိ​သော​ကြောင့် မြို့​တံ​ခါး​များ​ကို မည်​သည့်​နေ့​ရက်​တွင်​မျှ ပိတ်​ထား​ခြင်း​မ​ရှိ။

26. လူ​တို့​သည် လူ​မျိုး​တ​ကာ​တို့​၏​ဘုန်း​အ​သ​ရေ​နှင့် ဂုဏ်​သ​ရေ​တို့​ကို ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။

27. မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ထို​မြို့​ထဲ​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ရွံ​ရှာ​ဖွယ်​သော​အ​မှု​နှင့်​လိမ်​လည်​မှု​တို့​ကို​ပြု​ကျင့်​သော​သူ​သည်​လည်း ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သ​ငယ်​တော်​၏​အ​သက်​စာ​စောင်​တွင် စာ​ရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ကြ​ရ​လိမ့်​မည်။

ဗျာ​ဒိတ်​ကျမ်း 21