ဗျာ​ဒိတ်​ကျမ်း 20:8-12 Myanmar Standard Bible (MSB)

8. ကမ္ဘာ​မြေ​ကြီး​လေး​မျက်​နှာ​ရှိ လူ​မျိုး​များ​ဖြစ်​ကြ​သည့် ဂေါ​ဂ၊ မာ​ဂေါ​ဂ​ကို​လှည့်​ဖြား​ရန်​နှင့် စစ်​ပွဲ​အ​တွက် သူ​တို့​ကို​စု​ဝေး​စေ​ရန် ထွက်​သွား​လိမ့်​မည်။ သူ​တို့​၏​အ​ရေ​အ​တွက်​သည် သ​မုဒ္ဒ​ရာ​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​ကြ​၏။

9. သူ​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​ကျယ်​ပြန့်​သော​အ​ရပ်​သို့​ချီ​တက်​လာ​၍ သန့်​ရှင်း​သူ​တို့​၏​စ​ခန်း​နှင့် ချစ်​တော်​မူ​သော​မြို့​ကို ဝိုင်း​ကြ​၏။ ထို​အ​ခါ ကောင်း​ကင်​မှ မီး​ကျ​လာ​၍ သူ​တို့​ကို​လောင်​ကျွမ်း​လေ​၏။

10. သူ​တို့​ကို​လှည့်​ဖြား​သော​မာရ်​နတ်​သည်​လည်း သား​ရဲ​နှင့်​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​၏။ သူ​တို့​သည် ထို​နေ​ရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အ​ဆက်​ဆက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

11. ထို့​နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​ကို ငါ​မြင်​ရ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ထို​အ​ရှင်​၏​မျက်​မှောက်​မှ ပျောက်​လွင့်​သွား​၍ ၎င်း​တို့​အ​တွက်​နေ​ရာ​မ​ရှိ​တော့​ပေ။

12. တစ်​ဖန် သေ​လွန်​သော​သူ​အ​ကြီး​အ​ငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာ​စောင်​များ​ကို​ဖွင့်​ထား​၍ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​သော​စာ​စောင်​ကို​လည်း​ဖွင့်​ထား​၏။ သေ​လွန်​သော​သူ​တို့​သည် ထို​စာ​စောင်​များ​တွင်​ရေး​ထား​သည့်​အ​တိုင်း မိ​မိ​တို့​ပြု​သော​အ​မှု​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။

ဗျာ​ဒိတ်​ကျမ်း 20