ဗျာ​ဒိတ်​ကျမ်း 2:27-29 Myanmar Standard Bible (MSB)

27. သူ​သည် မြေ​အိုး​များ​ကို​ကြေ​မွ​စေ​သ​ကဲ့​သို့ သံ​လှံ​တံ​ဖြင့် သူ​တို့​ကို​အုပ်​ထိန်း​လိမ့်​မည်။ ဤ​သည်​ကား ငါ​ကိုယ်​တိုင် ငါ့​ခ​မည်း​တော်​ထံ​မှ​ရ​ရှိ​သော​အုပ်​စိုး​ခွင့်​နှင့်​တူ​၏။

28. ငါ​သည် မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။

29. ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

ဗျာ​ဒိတ်​ကျမ်း 2