ဗျာ​ဒိတ်​ကျမ်း 2:1-13 Myanmar Standard Bible (MSB)

1. ဧ​ဖက်​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ မိ​မိ​လက်​ယာ​လက်​တွင် ကြယ်​ခု​နစ်​လုံး​ကို​ကိုင်​ထား​သော​သူ၊ ရွှေ​ဆီ​မီး​ခုံ​ခု​နစ်​ခု​အ​လယ်​၌ သွား​လာ​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

2. သင်​၏​လုပ်​ဆောင်​မှု​များ​မှ​စ​၍ သင်​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် သည်း​ခံ​မှု​တို့​ကို ငါ​သိ​၏။ သင်​သည် ဆိုး​ယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိ​မိ​တို့​ကိုယ်​ကို တ​မန်​တော်​ဟု​ခေါ်​ဆို​ကြ​သော်​လည်း တ​မန်​တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်း​သပ်​စစ်​ဆေး​၍ သူ​တို့​သည် လိမ်​လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့​ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။

3. သင်​သည် သည်း​ခံ​ခြင်း​ရှိ​လျက် ငါ​၏​နာ​မ​အ​တွက် အ​ပင်​ပန်း​ခံ​၍ အား​လျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။

4. သို့​သော် သင့်​အား ငါ​အ​ပြစ်​ဆို​စ​ရာ​ရှိ​၏။ အ​ကြောင်း​မှာ သင်​သည် မိ​မိ​၏​က​န​ဦး​မေတ္တာ​ကို​စွန့်​ခွာ​ခဲ့​ပြီ။

5. ထို့​ကြောင့် သင်​သည် မည်​သည့်​နေ​ရာ​မှ​ကျ​ဆင်း​ခဲ့​သည်​ကို သ​တိ​ရ​လျက် နောင်​တ​ရ​ကာ ပ​ထ​မ​ပြု​သော​အ​မှု​များ​ကို​ပြု​လော့။ ထို​သို့​မ​ပြု​ဘဲ နောင်​တ​လည်း​မ​ရ​ပါ​က သင့်​ထံ​သို့​ငါ​လာ​၍ သင်​၏​ဆီ​မီး​ခုံ​ကို သူ့​နေ​ရာ​မှ​ရွှေ့​လိုက်​မည်။

6. သို့​ရာ​တွင် ဤ​တစ်​ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိ​ကော​လ​ဂိုဏ်း​ဝင်​များ​၏​လုပ်​ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။

7. ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား ဘု​ရား​သ​ခင်​၏​ပ​ရ​ဒိ​သု​ဘုံ​၌​ရှိ​သော အ​သက်​ပင်​၏​အ​သီး​ကို ငါ​စား​ခွင့်​ပေး​မည်။

8. စ​မု​ရ​န​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ အ​ဦး​ဆုံး​နှင့်​နောက်​ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်​လည်း ပြန်​၍​အ​သက်​ရှင်​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

9. သင်​၏​ဒုက္ခ​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အ​မှန်​မှာ သင်​သည် ချမ်း​သာ​၏။ မိ​မိ​တို့​ကိုယ်​ကို ဂျူး​လူ​မျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်​လည်း ဂျူး​လူ​မျိုး​မ​ဟုတ်​ဘဲ စာ​တန်​၏​အ​သင်း​ဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံ​မှ သင်​ခံ​ရ​သော​စော်​ကား​ပြော​ဆို​ခြင်း​ကို​လည်း ငါ​သိ​၏။

10. သင်​ခံ​စား​ရ​တော့​မည့် ဒုက္ခ​ဝေ​ဒ​နာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်​ရှု​လော့။ သင်​သည် စမ်း​သပ်​စစ်​ဆေး​ခြင်း​ကို​ခံ​ရ​မည့်​အ​ကြောင်း မာရ်​နတ်​သည် သင်​တို့​အ​ထဲ​မှ အ​ချို့​တို့​ကို ထောင်​ထဲ​၌​ထည့်​ထား​တော့​မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​ကြ​လိမ့်​မည်။ အ​သေ​ခံ​ရ​သည့်​တိုင်​အောင် သစ္စာ​စောင့်​လော့။ သို့​ပြု​လျှင် အ​သက်​သ​ရ​ဖူ​ကို သင့်​အား ငါ​ပေး​မည်။

11. ဝိ​ညာဉ်​တော်​က အ​သင်း​တော်​များ​အား မိန့်​တော်​မူ​သော​အ​ရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အ​ပေါ် ဒု​တိ​ယ​သေ​ခြင်း​နှင့်​ဆိုင်​သော ဘေး​အန္တ​ရာယ်​သည် မည်​သည့်​အ​ခါ​မျှ သင့်​ရောက်​လိမ့်​မည်​မ​ဟုတ်။

12. ပေ​ရ​ဂံ​မြို့​၌​ရှိ​သော အ​သင်း​တော်​၏​စေ​တ​မန်​အား ဤ​သို့​ရေး​လိုက်​လော့။ အ​သွား​နှစ်​ဖက်​ပါ​သည့် ထက်​သော​သန်​လျက်​ရှိ​သော​သူ​က ဤ​သို့​မိန့်​တော်​မူ​၏။

13. သင်​သည် မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည်​ကို ငါ​သိ​၏။ ထို​အ​ရပ်​၌ စာ​တန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်​သေ​အန္တိ​ပ​သည် စာ​တန်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​သော​သင်​တို့​ထံ​၌ အ​သတ်​ခံ​ရ​သည့်​အ​ချိန်​၌​ပင် သင်​သည် ငါ​၏​နာ​မ​ကို​စွဲ​ကိုင်​လျက် ငါ့​အ​ပေါ်​ထား​သော​ယုံ​ကြည်​ခြင်း​ကို မ​စွန့်​ပယ်​ခဲ့​ချေ။

ဗျာ​ဒိတ်​ကျမ်း 2