ဗျာ​ဒိတ်​ကျမ်း 19:9-17 Myanmar Standard Bible (MSB)

9. ထို့​နောက် ကောင်း​ကင်​တ​မန်​က “သိုး​သ​ငယ်​တော်​၏​မင်္ဂ​လာ​ည​စာ​စား​ပွဲ​သို့ ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ​၍ ငါ့​အား​မြွက်​ဆို​ပြီး​လျှင် “ဤ​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန်​သော​နှုတ်​က​ပတ်​တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်​ဆို​လေ​၏။

10. ထို​အ​ခါ ငါ​သည် ထို​ကောင်း​ကင်​တ​မန်​ကို​ရှိ​ခိုး​ရန် သူ​၏​ခြေ​ရင်း​၌​ပျပ်​ဝပ်​လေ​သော် သူ​က “ထို​သို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှ​စ​၍ ယေ​ရှု​နှင့်​ဆိုင်​သည့်​သက်​သေ​ခံ​ချက်​ကို​ရ​ရှိ​ထား​သော သင့်​ညီ​အစ်​ကို​တို့​၏​အ​စေ​အ​ပါး​ချင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​လော့။ အ​ကြောင်း​မူ​ကား ယေ​ရှု​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​၏​ဝိ​ညာဉ်​ဖြစ်​၏”​ဟု ဆို​၏။

11. ထို့​နောက် ငါ​ကြည့်​လိုက်​ရာ ကောင်း​ကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်​တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်​မှန်​သော​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ခံ​ရ​၏။ သူ​သည် ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​၍ စစ်​တိုက်​လေ​၏။

12. သူ​၏​မျက်​စိ​တို့​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​ဦး​ခေါင်း​ပေါ်​၌ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​၏။ သူ​၌​ရေး​ထား​သော​နာ​မ​တစ်​ခု​ရှိ​၍ ၎င်း​ကို သူ​ကိုယ်​တိုင်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။

13. သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်​ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အ​မည်​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ဟု ခေါ်​၏။

14. ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် စင်​ကြယ်​သော​ပိတ်​ချော​ဖြူ​ကို​ဝတ်​ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။

15. သူ​၏​ခံ​တွင်း​ထဲ​မှ​လည်း လူ​မျိုး​တ​ကာ​တို့​ကို​ဒဏ်​ခတ်​ရန် ထက်​သော​သန်​လျက်​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​ထိန်း​လိမ့်​မည်။ သူ​သည် အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဆိုင်​ရာ ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​၏​စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို နင်း​နယ်​လိမ့်​မည်။

16. သူ​၏​ဝတ်​ရုံ​နှင့်​ပေါင်​တို့​၌ “ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာ​မ​ရှိ​၏။

17. ထို့​နောက် နေ​ထဲ​၌ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်း​ကင်​အ​လယ်​၌ ပျံ​သန်း​သော​ငှက်​အ​ပေါင်း​တို့​အား “ဘု​ရား​သ​ခင်​၏​ည​စာ​စား​ပွဲ​ကြီး​သို့ လာ​၍​စု​ဝေး​ကြ​လော့။

ဗျာ​ဒိတ်​ကျမ်း 19