1. ထို့နောက် ကောင်းကင်ရှိ များစွာသောလူထုပရိသတ်တို့၏ကျယ်လောင်သည့်အသံကဲ့သို့သောအသံကို ငါကြားရ၏။ သူတို့က “ဟာလေလုယာ။ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နှင့် တန်ခိုးတော်တို့သည် ငါတို့ဘုရားသခင်နှင့်ဆိုင်တော်မူ၏။
2. အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
3. ထို့နောက် တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သွားလျက်ရှိ၏”ဟု ဆိုကြ၏။
4. သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည်လည်း ပျပ်ဝပ်လျက် ပလ္လင်ပေါ်တွင်ထိုင်တော်မူသောဘုရားသခင်ကိုရှိခိုးကာ “အာမင်။ ဟာလေလုယာ”ဟု ဆိုကြ၏။
5. ပလ္လင်တော်မှထွက်လာသောအသံကလည်း “ဘုရားသခင်၏အစေအပါးများနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းကြလော့”ဟု ဆို၏။
6. ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍
7. ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။