ဗျာ​ဒိတ်​ကျမ်း 19:1-5 Myanmar Standard Bible (MSB)

1. ထို့​နောက် ကောင်း​ကင်​ရှိ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​၏​ကျယ်​လောင်​သည့်​အ​သံ​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ သူ​တို့​က “ဟာ​လေ​လု​ယာ။ ကယ်​တင်​ခြင်း၊ ဘုန်း​အ​သ​ရေ​တော်​နှင့် တန်​ခိုး​တော်​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​တော်​မူ​၏။

2. အ​ကြောင်း​မူ​ကား ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် မှန်​ကန်​၍​ဖြောင့်​မတ်​၏။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အား​ဖြင့် ကမ္ဘာ​မြေ​ကြီး​အား​ပျက်​စီး​စေ​သည့် ပြည့်​တန်​ဆာ​မ​ကြီး​ကို ကိုယ်​တော်​သည် စီ​ရင်​တော်​မူ​လျက် သူ​၏​လက်​၌​စွန်း​ထင်း​သော ကိုယ်​တော့်​အ​စေ​အ​ပါး​တို့​၏​သွေး​အ​တွက် လက်​တုံ့​ပြန်​တော်​မူ​ပြီ”​ဟု ဆို​ကြ​၏။

3. ထို့​နောက် တစ်​ဖန် သူ​တို့​က “ဟာ​လေ​လု​ယာ။ သူ​၏​မီး​ခိုး​သည် ကမ္ဘာ​အ​ဆက်​ဆက်​တက်​သွား​လျက်​ရှိ​၏”​ဟု ဆို​ကြ​၏။

4. သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ့်​လေး​ပါး​နှင့် သတ္တ​ဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်​ဝပ်​လျက် ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ရှိ​ခိုး​ကာ “အာ​မင်။ ဟာ​လေ​လု​ယာ”​ဟု ဆို​ကြ​၏။

5. ပလ္လင်​တော်​မှ​ထွက်​လာ​သော​အ​သံ​က​လည်း “ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​နှင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့”​ဟု ဆို​၏။

ဗျာ​ဒိတ်​ကျမ်း 19