ဗျာ​ဒိတ်​ကျမ်း 18:9-18 Myanmar Standard Bible (MSB)

9. သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ပြီး စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို​လောင်​ကျွမ်း​သည့်​မီး​ခိုး​ကို မြင်​ကြ​သော​အ​ခါ သူ့​အ​တွက် ရင်​ဘတ်​စည်​တီး​လျက်​ငို​ကြွေး​ကြ​လိမ့်​မည်။

10. ထို​သူ​တို့​သည် သူ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​ကို​ကြောက်​ကြ​သ​ဖြင့် အ​ဝေး​မှ​ရပ်​လျက် ‘ကြီး​မား​သော​မြို့၊ အား​ကြီး​သော​ဘေ​ဘီ​လုံ​မြို့၊ သင်​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​ခံ​ရ​သည့်​တ​ရား​စီ​ရင်​ခြင်း​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း​၌ ကျ​ရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်​မည်။

11. ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ ကုန်​သည်​များ​သည်​လည်း သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကို ဝယ်​ယူ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​တော့​သ​ဖြင့် သူ့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

12. သူ​တို့​၏​ကုန်​ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော၊ ခ​ရမ်း​ရောင်​အ​ထည်၊ ပိုး​ထည်၊ နီ​မြန်း​သော​အ​ထည်၊ သစ်​မွှေး​အ​မျိုး​မျိုး၊ ဆင်​စွယ်​ပစ္စည်း​အ​မျိုး​မျိုး၊ အ​ဖိုး​တန်​သော​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့​ဖြင့် ပြု​လုပ်​သော​ပစ္စည်း​အ​မျိုး​မျိုး၊

13. သစ်​ကြံ​ပိုး၊ ဟင်း​ခတ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော်​ဗန်၊ စ​ပျစ်​ဝိုင်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ​နွား​တိ​ရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရ​ထား၊ လူ့​ကိုယ်​ခန္ဓာ​နှင့် လူ​၏​အ​သက်​တို့​ပင်​ဖြစ်​ကြ​၏။

14. သင်​၏​စိတ်​နှ​လုံး​တပ်​မက်​သော​အ​သီး​အ​ပွင့်​သည် သင့်​ထံ​မှ ပျောက်​ကွယ်​သွား​လေ​ပြီ။ သင့်​ကို အ​ဆီ​ယစ်​စေ​သော​အ​ရာ​များ​နှင့် တင့်​တယ်​စေ​သော​အ​ရာ​တို့​သည်​လည်း သင့်​ထံ​မှ ပျောက်​ဆုံး​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို မည်​သည့်​အ​ခါ​မျှ​တွေ့​ရ​ကြ​တော့​မည်​မ​ဟုတ်။

15. သူ့​အား​ဖြင့် ချမ်း​သာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်​ပစ္စည်း​တို့​ကို​ပိုင်​ဆိုင်​သော​ကုန်​သည်​တို့​သည် သူ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​ကို ကြောက်​ကြ​သော​ကြောင့် အ​ဝေး​မှ​ရပ်​လျက် ဝမ်း​နည်း​ကြေ​ကွဲ​၍ ငို​ကြွေး​ကြ​ကာ

16. ‘ပိတ်​ချော၊ ခ​ရမ်း​ရောင်​နှင့် နီ​မြန်း​သော​အ​ဝတ်​တို့​ကို ဝတ်​ဆင်​ထား​လျက် ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နှင့် ပု​လဲ​တို့​ဖြင့် တန်​ဆာ​ဆင်​ထား​သော​မြို့​ကြီး၊ သင်​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။

17. အ​ကြောင်း​မူ​ကား ဤ​မျှ​လောက်​များ​ပြား​သော​စည်း​စိမ်​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း လုံး​လုံး​ဖျက်​ဆီး​ခြင်း​ခံ​ရ​ပါ​သည်​တ​ကား’​ဟု ဆို​ကြ​လိမ့်​မည်။ ရေ​ယာဉ်​မှူး​အား​လုံး၊ အ​ရပ်​ရပ်​သို့​ရွက်​လွှင့်​တတ်​သော​သူ​အ​ပေါင်း​တို့​နှင့် သင်္ဘော​သား​များ၊ ပင်​လယ်​ထဲ​၌​အ​လုပ်​လုပ်​နေ​သူ​ရှိ​သ​မျှ​တို့​သည်​လည်း အ​ဝေး​မှ​ရပ်​လျက်

18. သူ့​ကို​လောင်​ကျွမ်း​နေ​သော​မီး​မှ မီး​ခိုး​များ​ကို​မြင်​၍ ‘မည်​သည့်​မြို့​သည် ဤ​ကြီး​မား​သော​မြို့​နှင့်​တူ​သ​နည်း’​ဟု အော်​ဟစ်​ကြ​လိမ့်​မည်။

ဗျာ​ဒိတ်​ကျမ်း 18