ဗျာ​ဒိတ်​ကျမ်း 18:20-24 Myanmar Standard Bible (MSB)

20. ကောင်း​ကင်​မှ​စ​၍ သန့်​ရှင်း​သူ​များ၊ တ​မန်​တော်​များ​နှင့် ပ​ရော​ဖက်​များ​တို့၊ ထို​မြို့​၏​အ​ဖြစ်​ကြောင့် ပျော်​ရွှင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အ​ပေါ် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​သက်​ရောက်​စေ​တော်​မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

21. ထို့​နောက် ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​မား​သည့်​ကြိတ်​ဆုံ​ကဲ့​သို့​သော​ကျောက်​တုံး​တစ်​တုံး​ကို​ချီ​ယူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကာ “ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ဤ​ကဲ့​သို့ ကြမ်း​တမ်း​စွာ​ပစ်​ချ​ခြင်း​ကို​ခံ​ရ​၍ လုံး​ဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။

22. စောင်း​သ​မား၊ တေး​ဂီ​တ​သ​မား၊ ပ​လွေ​သ​မား၊ တံ​ပိုး​ခ​ရာ​သ​မား​တို့​၏​တီး​မှုတ်​သံ​ကို သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အ​မျိုး​မျိုး​သော​လက်​မှု​ပ​ညာ​တတ်​ကျွမ်း​သော မည်​သည့်​လက်​မှု​ပ​ညာ​သည်​ကို​မျှ သင့်​အ​ထဲ​၌ လုံး​ဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။

23. ဆီ​မီး​၏​အ​လင်း​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ထွန်း​လင်း​တော့​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့​သား​နှင့်​သ​တို့​သ​မီး​တို့​၏​အ​သံ​ကို​လည်း သင့်​အ​ထဲ​၌ လုံး​ဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား သင်​၏​ကုန်​သည်​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​မှူး​ကြီး​မတ်​ရာ​များ​ဖြစ်​ကြ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း သင်​၏​ပြု​စား​ခြင်း​ဖြင့် လှည့်​ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။

24. ပ​ရော​ဖက်​များ၊ သန့်​ရှင်း​သူ​များ​နှင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​သေ​သတ်​ခြင်း​ခံ​ခဲ့​ရ​သော​သူ​အ​ပေါင်း​တို့​၏​သွေး​ကို​လည်း ထို​မြို့​၌​တွေ့​ရ​၏”​ဟု ဆို​လေ​၏။

ဗျာ​ဒိတ်​ကျမ်း 18