ဗျာ​ဒိတ်​ကျမ်း 18:1-7 Myanmar Standard Bible (MSB)

1. ထို့​နောက် ကြီး​မား​သော​အ​ခွင့်​အာ​ဏာ​ပါ​လျက် ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သည့် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေ​ကြီး​သည် သူ​၏​ဘုန်း​အ​သ​ရေ​ကြောင့် ထွန်း​လင်း​တောက်​ပ​လေ​၏။

2. သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​လျက် “ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ။ ၎င်း​သည် နတ်​ဆိုး​တို့​နေ​ထိုင်​ရာ​အ​ရပ်၊ ညစ်​ညူး​သော​နတ်​အ​ပေါင်း​တို့​၏​ခို​အောင်း​ရာ​အ​ရပ်၊ ညစ်​ညူး​သော​ငှက်​အ​မျိုး​မျိုး​တို့​၏​ခို​အောင်း​ရာ​အ​ရပ်​နှင့် ညစ်​ညူး​၍​ရွံ​ရှာ​ဖွယ်​ကောင်း​သော​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​ခို​အောင်း​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။

3. အ​ကြောင်း​မူ​ကား လူ​မျိုး​အ​ပေါင်း​တို့​သည် သူ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​နှင့်​ဆိုင်​သည့် ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေ​ကြီး​၏​ကုန်​သည်​တို့​သည်​လည်း သူ​၏​လွန်​ကျူး​သော​ဇိမ်​ခံ​ခြင်း​အ​ရှိန်​အ​ဝါ​အား​ဖြင့် ချမ်း​သာ​လာ​ကြ​၏”​ဟု ဆို​၏။

4. ထို့​နောက် ကောင်း​ကင်​မှ​အ​ခြား​သော​အ​သံ​က “ငါ့​လူ​မျိုး​တို့၊ သင်​တို့​သည် သူ​၏​အ​ပြစ်​များ​၌ မ​ပါ​ဝင်​စေ​ရန်​လည်း​ကောင်း၊ သူ​ခံ​ရ​မည့်​ဘေး​ဒဏ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ခံ​ရ​စေ​ရန်​လည်း​ကောင်း သူ့​ထံ​မှ ထွက်​လာ​ခဲ့​ကြ​လော့။

5. အ​ဘယ်​ကြောင့်​ဆို​သော် သူ​၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​အ​ထိ စု​ပုံ​လျက်​ရှိ​၍ သူ​၏​မ​တ​ရား​မှု​များ​ကို ဘု​ရား​သ​ခင်​မှတ်​မိ​တော်​မူ​ပြီ။

6. သူ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အ​မှု​များ​အ​ပေါ် နှစ်​ဆ​တိုး​၍​တုံ့​ပြန်​ကြ​လော့။ သူ​ရော​စပ်​ခဲ့​သော​ခွက်​၌ သူ့​အ​တွက်​နှစ်​ဆ​ရော​စပ်​ပေး​ကြ​လော့။

7. သူ​သည် မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍ စည်း​စိမ်​ခံ​စား​ခဲ့​သည်​နှင့်​အ​မျှ သူ့​အား ညှဉ်း​ဆဲ​ခြင်း​နှင့်​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​က ‘ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ မ​ဟုတ်။ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​လည်း မည်​သည့်​အ​ခါ​မျှ ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်’​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​သော​ကြောင့်​ဖြစ်​၏။

ဗျာ​ဒိတ်​ကျမ်း 18