ဗျာ​ဒိတ်​ကျမ်း 15:7-8 Myanmar Standard Bible (MSB)

7. ထို​အ​ခါ သတ္တ​ဝါ​လေး​ပါး​ထဲ​မှ​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ပြင်း​စွာ​သော​ဒေါ​သ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ထို​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး​လေ​၏။

8. ဗိ​မာန်​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​တော်​တို့​မှ​ထွက်​ပေါ်​သော အ​ခိုး​အ​ငွေ့​များ​နှင့်​ပြည့်​သ​ဖြင့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​၏​ဘေး​ဒဏ်​ခု​နစ်​မျိုး​မ​ပြီး​မ​ချင်း မည်​သူ​မျှ ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ချေ။

ဗျာ​ဒိတ်​ကျမ်း 15